💕A Little Secret💕

Start from the beginning
                                        

မျက်စိရှေ့မှာမြင်နေရတဲ့ နှစ်ယောက်ကို ရောင်နီသေချာကြည့်နေပြီး စိတ်ထဲမှာလည်း တစ်စုံတစ်ခုကို နက်နက်နဲနဲတွေးနေမိသည်။ ကိုစေညွှန်ရာက နှောင်းလက်ကနာတယ်ဆိုတာနဲ့ စားပွဲမှာထိုင်နေရာကနေ ရောင်နီတို့ မတ်တပ်ရပ်နေတဲ့ ဘေစင်နားကို ဘယ်လိုရောက်လာလဲမသိပေ။ နောက်ပြီး နှောင်းကိုကြည့်နေတဲ့အကြည့်က စိတ်ပူစိုးရိမ်ခြင်း အပြည့်နဲ့ဖြစ်သည်။

နောက်တစ်ခုက ရောင်နီအခန်းထဲနားနေရင်း အပေါ့သွားချင်လာတာမို့ အောက်ထပ်က Bathroom ကို ဆင်းလာကာ ကိစ္စတွေဖြေရှင်းပြီးအထွက် ကိုစေညွှန်ရာက ရောင်နီတို့တည်းနေတဲ့အိမ်ရဲ့မှန်တံခါးချပ်ကို တွန်းဖွင့်ကာ ဝင်လာတာနဲ့တိုးလေသည်။ ရောင်နီက ဘာလိုချင်လို့လဲမေးတော့ ဟိုလိုလိုဒီလိုလိုနဲ့ ရေနွေးသောက်ချင်လို့ဟုဆိုကာ ထိုင်သောက်နေခြင်းဖြစ်သည်။ ထမင်းဟင်းချက်ပြုတ်တာက ဒီဘက်အိမ်ကို အသုံးပြုတယ်ဆိုပေမယ့် ရေနွေးအိုးကတော့ ဟိုဘက်အိမ်မှာလည်း တည်လို့ရတာပဲကို ဘာလို့များ။

ရောင်နီ့အတွေးမဆုံးခင် နှောင်းကလည်း ခိုးကြောင်ခိုးဝှက်ဖြင့် အခန်းထဲကထွက်လာပြီး ရောင်နီ့ကိုတွေ့တော့ တော်တော်လေးအံ့ဩသွားနဲ့ပုံစံ။ ဘာလို့ထွက်လာတာလဲမေးတော့ အင်းအဲနဲ့ မဖြေနိုင်ဖြစ်နေကာ ‌ဗိုက်ဆာလို့လားဆိုပြီး ရောင်နီမေးမှ ဟုတ်တယ်ဆိုပြီးပြောလေသည်။ ဘာလဲဟ။ ငါပဲ စိတ်ထင်နေတာများလား။

"ဟို စားပြီးပြီဆိုတော့ ငါသွားအိပ်တော့မယ်... Good Night"

"အင်း"

"ကိုစေညွှန်ရာလည်း Good Night ပါနော်"

"ဟုတ်ကဲ့"

စေတို့ကိုနှုတ်ဆက်ကာ အခန်းထဲဝင်သွားတဲ့ မ,ကို စေပြုံးပြီး ကြည့်နေလိုက်ပြီး ဒီဘက်ပြန်အလှည့် စေ့ကို ကြည့်နေတဲ့ ကိုရောင်နီဦးကြောင့် အပြုံးတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကာ

"အဟမ်း... ကျွန်တော့်ကိုလည်း ခွင့်ပြုပါဦး Good Nightပါ"

"ဟုတ်ကဲ့ပါ"

တစ်ယောက်တည်း‌ကျန်ခဲ့တဲ့ရောင်နီကတော့ တစ်ကိုယ်တည်းရေရွတ်နေမိတာက

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now