"ငါဆေးပေးမယ်"
"နေစမ်းပါဟာ... ရေကိုင်မိပြီး အလကားနေ အအေးမိဦးမယ်... သွားထိုင်နေ"
"ဟွန့် ဘာမှမလုပ်ပဲနေရတော့ ပျင်းလာပြီဟ"
"စိတ်ချ နင့်လက်ကဒဏ်ရာအရှင်းပျောက်တာနဲ့ နင်အတိုးရောအရင်းပါ ပေါင်းလုပ်ရမယ်... လောလောဆယ်တော့ ဒီအတိုင်းအေးဆေးပဲထိုင်နေပါ ဆရာမရယ်"
"အေးပါ အေးပါ"
မဲ့ရွဲ့ကာပြောနေတဲ့ဦးကို နှောင်းကလည်း တမင်တကာမဲ့ရွဲ့ကာပြန်ပြောလိုက်သည်။
"ငါတို့မနက်ဈေးသွားမယ်... မနက်ဖြန်ညအတွက် ချက်ဖို့ပြုတ်ဖို့ လိုအပ်တာတွေသွားဝယ်ရမှာ... နင်ဘာမှာဦးမလဲ"
"ဟုတ်လား ငါလည်းလိုက်ချင်တယ်"
"နင်ခြေထောက်နာနေတယ်မလား... ဘာဝယ်စရာရှိလို့လဲ ငါတို့ဝယ်လာခဲ့မယ်လေ"
"လိုက်ချင်တဲ့ဟာကို"
"နောက်နေ့တွေ လည်ကြပတ်ကြမှာ အဲ့အတွက် အားမွေးထား... မနက်ဖြန်တော့မလိုက်နဲ့တော့... မှာချင်တာရှိရင် ငါမနက်သွားခါနီးပြောမယ် အဲ့တော့မှ မှာ"
"ပြီးရော အာ့"
"ဘာဖြစ်တာလဲ"
"ဟင့်အင်း"
"လက်က ကိုက်လို့လား"
"အင်း နည်းနည်း"
"ကျွန်တော် အစ်ကို့ကိုသွားခေါ်ပေးရမလား... ဆေးပြန်ထည့်ရမယ်ထင်တယ်... အစ်ကိုကဆရာဝန်ဆိုတော့ သေချာလုပ်ပေးလို့ရတာပေါ့"
ထိုင်ရာကနေ ရုတ်တရက် နှောင်းနားကို ရောက်လာကာ ချက်ချင်း ယောက်ဖဖြစ်သူကိုသွားခေါ်မယ်လုပ်နေတဲ့ မောင့်ကို နှောင်းမှာ အသည်းအသန်တားလိုက်ရသည်။
"ဟို ရတယ် ရတယ်... အဲ့လောက်လည်းမဟုတ်ပါဘူး... ဆစ်ခနဲတစ်ချက်ကိုက်သွားတာပါ... ရတယ်
မမမြတ်တို့နားပါစေ"
"အဆင်ပြေတာ သေချာလား "
"ဟုတ်"
ဒီအချိန်ကြီးမှလည်း မမမြတ်တို့ အနားယူနေတာကို
မနှောင့်ယှက်ချင်။ ပြီးတော့ ဆေးထည့်ပေးမယ်ဆိုရင် နှောင်းကကြောက်တတ်တာနဲ့ အကုန်လုံးနှောင်း လက်က နာနေတာကိုသိကုန်မယ်။ အဓိကက လင်း။ စဖြစ်ကတည်းက လင်းမှာနှောင်းဒဏ်ရာတွေအတွက် စိတ်မကောင်းဖြစ်နေသူမို့ နှောင်းမှာ သက်သာဟန်ဆောင်နေရပေမယ့် လက်က အခုအေးတော့ အရမ်းနာပြီး ကိုက်နေသည်။ ဒါပေမယ့်လည်း လင်းစိတ်မကောင်းဖြစ်မှာစိုးလို့ သက်သာတယ်ဆိုပြီးပြောထားတာ နှောင်း လက်
တအားနာနေတာ လင်းသိလို့မဖြစ်ဘူး။
💕A Little Secret💕
Start from the beginning
