"ခေါက်ဆွဲပြုတ်ပဲစားမလား"
ဒီဘက်လှည့်ကာမေးလာတဲ့ ဦးကြောင့် နှောင်းမှာ မောင်နဲ့မျက်လုံးချင်းစကားပြောနေရာကနေ ချက်ချင်းပဲ ကို့ယို့ကားယားနဲ့ ဟန်မပျက်ပဲ
"အင်း စားမယ်လေ... နင်ရောစားမယ်ဆို ပိုပြုတ်နော်"
"အေးပါ... ကိုစေညွှန်ရာအတွက်ကိုရော ထည့်ပြုတ်လိုက်ရမလား"
"ကျွန်တော့်အတွက် ထည့်မပြုတ်ပါနဲ့... ကျွန်တော်မစားတော့ဘူး"
"ဪ ဟုတ်ကဲ့... ငါပြုတ်လိုက်မယ် နင်ခဏထိုင်စောင့်"
"အင်း... ဒါနဲ့ ကိုစေညွှန်ရာကရော ဗိုက်ဆာလို့ ဒီဘက်ရောက်လာတာလား"
ထိုင်ခုံကိုဆွဲယူကာထိုင်လိုက်ရင်း စေနဲ့မရင်းနှီးသလို ကိုစေညွှန်ရာဆိုပြီး နာမ်စားသုံးကာမေးလာတဲ့ မ,ကို ပြုံးပြကာ
"ဒီအတိုင်းအိပ်မပျော်လို့ပါ... ရေနွေးကြမ်းလေးသောက်ရင် ကောင်းမလားဆိုပြီး ဒီဘက်လာခဲ့တာ ဒီရောက်တော့ ကိုရောင်နီဦးနဲ့ တွေ့တာနဲ့ ခဏထိုင်နေတာ"
"ဪ... ဟင်းဟင်း"
မချိသွားဖြဲကာရယ်ပြလိုက်ပြီး ဦးခေါက်ဆွဲပြုတ်နေတာကိုပဲ ထိုင်စောင့်နေလိုက်သည်။ ၁၀မိနစ်လောက်နေတော့ ဦးက ပြုတ်ထားတဲ့ခေါက်ဆွဲတွေကို အိုးလိုက်ပဲယူလာကာ စားပွဲပေါ်မှာ တင်သည်။ ပြီးတော့ ပန်းကန်လုံးအသေးလေးနှစ်လုံးနဲ့ ဇွန်းရယ်တူရယ်ကို ယူလာကာ ထိုင်ခုံမှာထိုင်ရင်း နှောင်းကို ကမ်းပေးသည်။ ခေါက်ဆွဲပြုတ်က ကြက်သား ဝက်သားနဲ့ မုန်ညှင်းရွက်နည်းနည်းနဲ့ကြက်ဥပါထည့်ပြုတ်ထားတာမို့ စောနက ဗိုက်မဆာပဲ ပါးစပ်ထဲရှိရာပြောလိုက်ပေမယ့် အခုတော့ ဗိုက်ကတကယ်ဆာနေပြီဖြစ်သည်။ နှစ်ယောက်သား စကားတောင်မပြောနိုင်ကြပဲ အစားပြိုင်ပွဲဝင်နေသလို ခေါက်ဆွဲပြုတ်ကို အားရပါးရစားပြီးနောက်မှာ
အေ့!!!
"ဟို ဆော်ရီး ဆော်ရီး"
နှောင်းမှာ ဘယ်လိုမှမထိန်းနိုင်ပဲ လေတက်သွားတာမို့ ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ကာ အလျင်အမြန်တောင်းပန်လိုက်ရသည်။ မောင်ကတော့ ဟွန့်ခနဲ တစ်ချက်ရယ်ကာ ဦးက ဖြစ်ရလေခြင်းဆိုပြီး ခေါင်းယမ်းကာ စားပြီးသားပန်းကန်တွေကို မ,ကာ ဘေစင်ရှိရာသို့ ထွက်သွားသည်။ နှောင်းလည်း မောင့်ရှေ့မှာ ထိုင်နေရမှာ မျက်နှာပူသလို နှောင်းနေမကောင်းကတည်းက နှောင်းကို ဘာမှမလုပ်ခိုင်းဘဲ သူချည်းဒိုင်ခံလုပ်ပေးနေတဲ့ ဦးကိုလည်း အားနာတာကြောင့် ပန်းကန်တွေဆေးဖို့ပြင်နေတဲ့ဦးနားကို ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ခြေထောက်နဲ့ ကပျာကယာသွားလိုက်သည်။
💕A Little Secret💕
Start from the beginning
