"မငိုပါနဲ့လား...ခင်ဗျားမျက်ရည်တွေမြင်ရင် ကျွန်တော် ဘယ်လောက်တုန်လှုပ်ရသလဲ.."

"အဟင့်..."

"ခင်ဗျားမျက်ရည်တွေကို မကြိုက်ပေမဲ့...
ကျွန်တော့်ရင်ဘတ်ကြီးက ခင်ဗျားကြိုက်သလောက် ငိုချလိုက်လို့ရတဲ့နေရာပါ..."

မျက်ရည်တွေနဲ့သူကို ဆွဲယူလိုက်တော့ ရင်ခွင်ထဲ စွေ့ခနဲ။ခုထိ ငိုလို့မပြီးနိုင်..၊ဘယ်လောက်၀မ်းနဲနေခဲ့သည်မသိ ရင်ဘတ်တစ်ခုလုံးလဲ စိုရွှဲနေပြီ။
ကျွန်တော်ရင်ခွင်က ခင်ဗျားအပိုင်မို့ ၊ခင်ဗျားတစ်ယောက်တည်းအတွက် သီးသန့်နားခိုနိုင်တဲ့ နေရာမလို့ အချိန်မရွေးငိုချလိုက်လို့ရတယ်။ကျွန်တော်ကသာ ချွေးသိပ်ပေးမယ့် တစ်ဦးတည်းသောသူ ဖြစ်ပါရစေ။

"ချစ်တယ်.."

"ဟင်..."

"ကျွန်တော် ခင်ဗျားကို အရမ်းချစ်တယ်.."

"အင်း...ငါလဲချစ်တယ် "

"ခု ကျွန်တော့်ကို အဖြေပြန်ပေးနေတာလား..၊အစောက အန်တီခင်ထားရှေ့မှာ ကျွန်တော့်ကို ချစ်တယ်လို့ ပြောခဲ့တာရော တကယ်လား "

"မသိဘူး..သွား"

"စိတ်မဆိုးပါနဲ့ ကျွန်တော်ကသေချာချင်လို့ပါ..။
တစ်ခေါက်လောက် ချစ်တယ်လို့ ထပ်ပြောပေးပါလား ကျွန်တော် ကြားချင်တယ် "

"အင်း ချစ်တယ်..။မင်းကို ငါချစ်တယ် "

"မျက်နှာလေးကြည့်ပါရစေ.."

ရင်ခွင်ထဲကလူကို အသာလေးဆွဲထုတ်လိုက်တော့ မြင်လိုက်ရတဲ့ မျက်နှာနုနုလေး..။မျက်နှာလှလှလေးက မျက်ရည်တွေကြားကလဲ သိပ်လှနေပြန်တယ်..။

"နမ်းချင်တယ်.."

"ဟင်.."

"ကျွန်တော့်ကို နမ်းခွင့်ပြုပါလား.."

ခေါင်းလေး အသာအယာ ညိမ့်ပြတာက ခွင့်ပြုလိုက်သည့် သဘော..။ကျွန်တော့်အတွက်တော့ ခင်ဗျားက အရာရာကဗျာဆန်နေတာမို့ နောက်ဆို သေချာပေါက် လောဘကြီးမိတော့မှာ။

"အွင့်..."

ဖူးဖောင်းနေတဲ့ နှုတ်ခမ်းလေးကို နမ်းရတာ တကယ်အားမရသလို..။နှုတ်ခမ်းသား အိအိလေးကစ တကယ်ရူးချင်စရာမို့ နမ်းနေရင်းနဲ့ပဲ ဆက်နမ်းချင်နေမိတာ..။ဒီလောက်နဲ့ပဲ အရူးရင့်နေပြီ..။ခင်ဗျားရဲ့ အစိတ်အပိုင်းလေး တစ်ခုနဲ့တင် ကျွန်တော်က ရူးလို့ရနေတဲ့ အနေအထား။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]حيث تعيش القصص. اكتشف الآن