💕Once upon a time💕

Start from the beginning
                                        

ရောင်နီ နှောင်းအပြောကို နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး

"ကဲ ငါတို့နှစ်ယောက် အရင်ဆိုမယ်... နင် စိတ်ပါမှဆိုပေါ့... ဟိုဘက်နည်းနည်းတိုး... ဒီမှာပဲ ထိုင်ပြီး ဆိုမလို့"

နှောင်းထိုင်နေတဲ့နားမှာ ညီအစ်ကိုနှစ်ယောက်က ဝင်ထိုင်လိုက်ကြပြီး ဦးက ဂစ်တာကြိုးကို သေချာပြန်ညှိနေသည်။ ဦးရော မိုးသောက်ရောက ကိုယ်စီ ဂစ်တာတစ်လုံးစီနဲ့မို့ နှောင်းက ဝါးဆစ်တစ်ခုတော့ရှာထားရမယ့်ပုံပင်။

"သမီးကရော မဆိုဘူးလား"

"အဟင်း လင်းအသံက သူတို့လောက် မကောင်းဘူးအန်တီရဲ့... ဘယ်တော့မဆို သူတို့၃ယောက် ဆိုတာပဲ ‌နားထောင်ဖြစ်တာ"

"ဪ"

ရောင်နီ ကြိုးညှိလို့ပြီးသွားတာနဲ့ ဂစ်တာကို လက်ဖနောက် လက်ဆစ်သုံးပြီး အရင်ခေါက်ကာ ညီဖြစ်သူမိုးသောက်ကို မျက်လုံးချင်းဆုံကြည့်လိုက်သည်။

1 2 ... 1 2 3 4

မိုးသောက်
🎵 You are my fire... The one desire... Believe when I say
I want it that way

ရောင်နီ
🎵 But we are two worlds apart... Can't reach to your heart
When you say... That I want it that way

ရောင်နီ/မိုးသောက်
🎵 Tell me why
Ain't nothin' but a heartache
Tell me why...Ain't nothin' but a mistake...Tell me why...I never wanna hear you say...I want it that way

တကယ်အကျင့်ပုတ်တဲ့ညီအစ်ကိုပင်... နှောင်းက Backstreet boys တို့ Westlife တို့ ကြိုက်မှန်းသိလို့၊ နောက်ပြီး ဘယ်သီချင်းပဲဖြစ်ဖြစ် သီချင်းသံကြားတာနဲ့ အရမ်းကိုမှဆိုချင်တဲ့နှောင်းကို အခုလို နှောင်းရဲ့ Playlist ထဲ ထည့်ပြီး အမြဲနားထောင်နေကျ သီချင်းနဲ့ နှောင်းကို သွေးဆောင်ရတယ်လို့။ ပါးစပ်ကထုတ်မဆိုပေမယ့် စိတ်ထဲကနေ လိုက်ဆိုမိနေတဲ့နှောင်းကို ဦးက သူသိတယ်ဆိုတဲ့ အကြည့်နဲ့ကြည့်လာလို့ မျက်စောင်းကထိုးရသေးသည်။

ဖြောင်း ဖြောင်း‌ ဖြောင်း (လက်ခုပ်သံ)

ရောင်နီတို့သီချင်းဆိုပြီးချိန်မှာ ဧည့်ခန်းကဆိုဖာမှာထိုင်ရင်း သီချင်းဆိုတာနားထောင်နေကြတဲ့ သူတွေဆီက လက်ခုပ်သံကို ကြားရလေသည်။

"ဝါး ဇွဲကပင်တောင်ကိုနောက်ခံထားပြီး ညီလေးတို့သီချင်းဆိုတာကို နားထောင်ရတဲ့ Feeling က တကယ့်ကို Unplugged ပွဲပဲကွ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now