💕Once upon a time💕

Start from the beginning
                                        

"အမယ်လေး ပြောမနေနဲ့နွယ်ရေ... ဝါသနာပါတာကတော့ သူတို့တွေအကုန်လုံးပဲ... ခရီးထွက်ရင် အမြဲသူတို့အသံတွေနဲ့ နှိပ်စက်ကြတာလေ... အခု နွယ်တို့ရှိနေလို့ ဒင်းတို့တွေ ငြိမ်နေတာ... မဟုတ်လို့ကတော့ ကျွတ်ကျွတ်ကိုညံနေရောပဲ"

"ဟင်းဟင်း မြိုင်တို့တော့ပျင်းမနေတော့ဘူးပေါ့... အန်တီတို့ကို အားနာမနေပါနဲ့ ပုံမှန်အတိုင်းနေတတ်သလိုနေကြပါကွယ်... အန်တီတို့ကလည်း ပျော်တတ်တဲ့သူတွေမို့ အေးဆေးပဲ... ကဲပါ ဒါဆို မြိုင့်သားငယ်လေး သီချင်းဆိုတာကို နားထောင်ကြည့်ရအောင်လေ"

မြိုင်ကတော့ နွယ့်ကို မှားမယ်နော်ဆိုတဲ့သဘောမျိုးနဲ့ ခေါင်းခါလိုက်ပေမယ့် သားတော်မောင်က ဂစ်တာကြိုးကို ညှိနေလေပြီ။

"အဟမ်း ဟမ်း"

မိုးသောက်ရဲ့အမြင်ကပ်စရာကောင်းတဲ့ ချောင်းဟန့်သံအဆုံးမှာတော့ ဂစ်တာသံစဉ်တစ်ခုကို ကြားလိုက်ရပြီး မိုးသောက်‌ဆိုတဲ့သီချင်းက At my worst

🎵Can I call you baby?
Can you be my friend?
Can you be my lover up until the very end?
Let me show you love, oh, I don't pretend
Stick by my side even when the world is givin' in, yeah
Oh, oh, oh, don't
Don't you worry
I'll be there, whenever you want me
I need somebody who can love me at my worst
No, I'm not perfect, but I hope you see my worth
'Cause it's only you, nobody new, I put you first
And for you, girl, I swear I'll do the worst🎵

မိုးသောက်ရဲ့သီချင်းအဆုံးမှာ အန်တီနွယ်တို့မိသားစုတွေအားလုံးက လက်ခုပ်တီးကြပြီး နှောင်းတို့ကတော့ ထွေထွေထူးထူးတီးမနေတော့။ ဒီအသံကို တစ်လျှောက်လုံးကြား‌လာရတော့လည်း ရိုးနေပြီလေ။ ဒီကောင်လေးက အားနေ သီချင်းပဲဆိုပြနေတာကိုး။

"မြိုင့်သားငယ်လေးကတော့ တကယ်အသံကောင်းတာပဲ... ကြည့်စမ်းတော်လိုက်တာ"

"နွယ်ရေ သိပ်မမြှောက်ပေးနဲ့... ဒီကောင်လေးက အဆိုတော်သိပ်ဖြစ်ချင်နေတာ"

"ဟုတ်လား သား"

"ဟုတ်တယ် အန်တီရဲ့... ဒီ ၂လပိုင်းကျရင် သားက Audition တစ်ခုဝင်‌ဖြေဖို့ ဖောင်တင်ထားပြီးပြီ... အောင်သွားလို့ကတော့ ဟဲဟဲ အဆိုတော်မဖြစ်ဖြစ်အောင်ကို လုပ်မှာ"

မိုးသောက်ဆိုတဲ့ကောင်လေးရဲ့ ၂လပိုင်း Audition ဖြေမယ်ဆိုတာကြောင့် ကောင်းပြည့်သဘောကျသွားသည်။ ၂လပိုင်း Auditionရှိတဲ့ Entertainment က ကောင်းပြည့်တို့ Life Entertainment တစ်ခုတည်းသာရှိတာမို့ သေချာတာကတော့ ဒီမိုးသောက်ဆိုတဲ့ကောင်လေးပြောတဲ့ Entertainment က Life ပင်။ ဒီကောင်လေးရဲ့အသံက တော်တော်နားထောင်ကောင်းတာမို့ အောင်နိုင်တယ်ဆိုတာ ကောင်းပြည့်ယုံကြည်မိသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now