📨မောင်
စေ အတွေးလွန်နေရာမှ မ,ဆီက မောင်ဆိုတဲ့စာကြောင့် လက်ရှိအချိန်ကိုပြန်ရောက်လာကာ
📨အွန်းပြောလေ
တွေ့လား တွေ့လား။ မောင်က ခု နှောင်းဆီမှာ စိတ်မရှိတော့ဘူးရယ်။ နှောင်းစာပို့ပြီးကတည်းက တော်တော်နဲ့ပြန်စာမလာတာကြောင့် မောင့်ကို မသိမသာလှမ်းကြည့်လိုက်တော့ ဖုန်းကိုကြည့်ရင်း ငေးငိုင်ကာ တစ်ခုခုကိုတွေးတောနေပုံရကာ နှောင်းရဲ့စာကို ဖတ်လိုက်ရဲ့လားတောင် မသိ။ နှောင်း ဘယ်လိုလုပ်ရမလဲ မောင်ရေ။
"ထမင်းစားကြရအောင်"
တီမြိုင်က ထမင်းစားဖို့လှမ်းခေါ်လိုက်တာမို့
📨ထမင်းစားကြတော့မယ်တဲ့ ဒါပဲနော် မောင်
📨အင်း
နှောင်းဆီစာပို့ပြီးတာနဲ့ မောင်က ထိုင်နေရာကနေ ထမင်းစားဖို့ထွက်သွားလေသည်။ နှောင်းမှာတော့ Laptop Screen ကို ကြည့်နေရင်း ငိုချင်သလိုလိုဖြစ်လာရပြန်သည်။ ဘယ်မှာလဲ အရင်ကပို့နေကျ ချစ်တယ်ဆိုတဲ့စကားလုံး။ မောင် အရင်လိုမဟုတ်တော့ဘူး။
နှောင်းလည်း Laptop ကို လေးပင့်စွာပိတ်လိုက်ပြီး ထမင်းစားဖို့ ထော့နဲ့ထော့နဲ့နဲ့သာ လှမ်းခဲ့တော့သည်။ ခြေထောက်က မနာတော့ပေမယ့် ရင်ဘတ်ထဲကတော့ နာကျင်စပြုနေပြီ မောင်။
ထမင်းစားသောက်ပြီး အသီးတွေခွဲကာ အချိုတည်းနေကြစဉ်
"ကဲ ကဲ ဒီအတိုင်းထိုင်နေရတာ ပျင်းစရာကြီးဗျာ... ကိုကြီးကို ကူရင်း အမေတို့လည်းစကားပြောရင်း သားရဲ့ဖျော်ဖြေတင်ဆက်မှုကို အားပေးကြပါဦး"
မမမြတ်က နှောင်းရှေ့မှာ လာထိုင်ပြီး စကားပြောနေတုန်း မိုးသောက်ရဲ့အသံကြောင့် အားလုံးက မိုးသောက်ဆီအာရုံရောက်သွားကြသည်။ မိုးသောက်က ဂစ်တာကိုပိုက်ထားပြီး သီချင်းဆိုမယ့်ဟန်အပြည့်ပင်။
"သားငယ်ရယ် အမေတို့ချည်းပဲရှိတာမဟုတ်ဘူးလေ... ဧည့်သည်တွေကို အားနာစရာကြီး"
"........."
"အို မြိုင်ကလည်း မဟုတ်တာ... သားငယ်လေးက သီချင်းဆိုရတာဝါသနာပါတာလား"
💕Once upon a time💕
Start from the beginning
