📨ဒါပေမယ့် လင်းနဲ့မောင်က မသိကြသေးဘူးလေ... ပြီးတော့ လင်းကို မောင် အထင်သေးသွားမှာစိုးလို့... မောင့်ကို မယုံတာလည်းမဟုတ်ဘူး ဘယ်လိုပြောရမလဲ လင်းအတွက်တော့ မောင်က အပြင်လူလေ... မောင့်ဘက်က လင်းအပေါ် တစ်မျိုးမြင်သွားမှာ နှောင်းက စိုးရိမ်လို့
ကဲ ကြည့်ပါဦး စေချစ်ရတဲ့မိန်းကလေးက ဘယ်လောက်တောင် သူတစ်ပါးအပေါ်တွေးပေးတတ်သလဲဆိုတာ အဲ့ဒါသာကြည့်တော့။ သူငယ်ချင်းအပေါ်မှာ သိပ်ကို သံယောဇဉ်ကြီးပြီး သစ္စာရှိတယ် နောက်ပြီး ကာကွယ်ပေးတယ်။ တကယ့်ကို သူငယ်ချင်းကောင်းတစ်ယောက်ပဲ။
တကယ်တော့ စေ့စိတ်ထဲလည်း အဲ့နေ့ညက မ,ထွက်သွားတဲ့အပေါ်ကို အကြောင်းအရင်းမှန်သိပြီးကတည်းက စိတ်ဆိုးစိတ်ခုတာမရှိတော့ပေ။ နဂိုကတည်းကလည်း စိတ်မဆိုးခဲ့ပါ။ စိတ်မကောင်းဖြစ်တာတစ်ခုပဲ။ ငါ့ကိုတောင်ထားခဲ့ပြီး သူငယ်ချင်းဆိုတဲ့သူနဲ့သွားတွေ့တယ်။ ငါက အရေးမကြီးဘူးလားဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရရုံတင်။
အဖြစ်မှန်သိပြီးချိန်မှာလည်း မ,ကငါ့ကို ဒီလိုကိစ္စတွေ မပြောပြရလောက်အောင် မယုံကြည်သေးပါလားဆိုပြီး ခုလေးတင် စိတ်မကောင်းဖြစ်နေရပေမယ့် မ,ရဲ့ဖြေရှင်းချက်ကို နားထောင်ပြီးမှ စေ့မှာ ဘာလို့ မ,နေရာကနေ ဝင်ခံစားပြီး မတွေးမိရတာလဲဆိုပြီး နောင်တတောင်ရသွားသည်။ သူငယ်ချင်း သိက္ခာကျမှာစိုးလို့ အထင်မြင်သေးခံရမှာစိုးလို့ ချစ်သူဖြစ်တဲ့စေ့ကိုတောင် အသိမခံခဲ့တာတဲ့လေ။ အလကားနေရင်း စေ့ရဲ့တစ်လွဲအတွေးတွေနဲ့ မ,ဒီလောက် ဒဏ်ရာတွေရနေတာတောင် မသိဘဲ မ,ကို အဆက်အသွယ်မလုပ်မိဘဲ ထိုင်ဝမ်ကိုတောင် ထွက်သွားရတယ်လို့။
နေပါဦး မနက်က မလင်းလက်မေပြောစကားအရ အဲ့နေ့ကတည်းက သူက မ,အိမ်မှာ မ,နဲ့အတူနေဖြစ်သွားတာဆိုတော့ ဒါဆို ခရစ္စမတ်နေ့က မ,အခန်းမှာ ကိုရောင်နီဦးကို တွေ့လိုက်ရတာလည်း မ,နဲ့သူနဲ့ နှစ်ယောက်တည်းရှိနေတာမဟုတ်ဘဲ လင်းလက်မေဆိုတဲ့မိန်းကလေးပါ မ,အိမ်မှာရှိနေတာပေါ့။ ဟားးးးးး စေညွှန်ရာရေ... မင်းတော့ အကြီးကြီးကိုလွဲတော့တာပဲ... အရင်ရည်းစားကဖောက်ပြန်ခဲ့ဖူးတာနဲ့ မ,ကိုပါ ဘာလို့အဲ့လိုစိတ်နဲ့ကြည့်ခဲ့မိရတာလဲ။
💕Once upon a time💕
Beginne am Anfang
