📨Hi
Hi ဆိုပြီး တာ့တာပြနေတဲ့ အရုပ်လေးနဲ့ မ,ဆီက စာဝင်လာတာကြောင့် စေ မ,ကို ဖျတ်ခနဲလှမ်းကြည့်လိုက်သည်။ မ,က သူ့ကိုကြည့်ရင်း Laptop ဆီ အကြည့်ပို့လိုက်ပြန်တာကြောင့် စေ ဖုန်းကနေ စာပြန်ပို့လိုက်တာက
📨ပြောလေ "မ"
မောင့်ဘက်က ပြောလေဆိုတော့လည်း နှောင်းမှာ ဘာပြောရမှန်းမသိ။ အမြဲတိုင်း နှောင်းတို့စကားပြောတဲ့အခါ မောင့်ဘက်ကသာ စကားဝိုင်းကိုဦးဆောင်ခဲ့တာမို့ နှောင်းမှာ ဘာစပြောရမှန်းမသိ။ ဒါပေမယ့် အခုချိန်မှာ သေချာတာတစ်ခုက မောင်စိတ်ဆိုးနေသေးတာပင်။
📨မောင် နှောင်းကို စိတ်ဆိုးနေတာလားဟင်
📨ဟင် မောင်က ဘာကို စိတ်ဆိုးရမှာလဲ
📨ဟို... မောင် နှောင်းကို အရင်လိုစကားသေချာ
မပြောဘူးလေ
မ,ဆီက ပြန်စာကိုဖတ်ပြီး စေစိတ်ထဲကနေ မသိမသာပြုံးမိသွားသည်။ ဂရုစိုက်တယ်ပေါ့။ မ,က အခု စေနဲ့ပတ်သက်ပြီး စေ့အပြုပမူတွေကို ဂရုစိုက်တတ်နေပြီပေါ့။ ဟွန့် ပျော်လိုက်တာ မ,ရေ ဆိုပြီး စိတ်ထဲမှာ အော်နေမိပေမယ့် အပြင်မှာတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ
📨 မ,ပဲ မောင်တို့အကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်သေးဘူးဆို... အဲ့တော့ မောင်တို့လူချင်း မျက်နှာချင်းဆိုင်မှ စကားပြောလို့မရတာ...
ဒါပေမယ့် အရင်လို စာပို့တဲ့အခါ နှုတ်ဆက်ရင် ချစ်တယ်ဆိုပြီး မပို့တော့ဘူးလေ မောင်ရယ်။ ဆို့တက်လာတဲ့ဝမ်းနည်းစိတ်ကို မြိုသိပ်ရင်း မောင့်ဆီပြန်ပို့လိုက်တဲ့စာက
📨ဟိုနေ့က မောင့်ကိုထားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ခုနေတာမလား နှောင်းသိတယ်
📨စိတ်ခုတယ်ဆိုတာထက် စိတ်မကောင်းဖြစ်တာပါ... မ,အတွက် မောင်က ဒီလိုကိစ္စတွေဖွင့်ပြောတိုင်ပင်ဖို့အတွက် ယုံကြည်ရတဲ့သူ မဟုတ်သေးဘူးဆိုတဲ့ အတွေးမျိုးဝင်လာလို့ပါ... မ,သာ အဲ့နေ့က အကျိုးအကြောင်းသေချာပြောပြရင် မောင်ကိုယ်တိုင်တောင် လိုက်ပို့ပေးဦးမှာ... အဲ့လိုဆို မ,လည်း ခုလိုတွေ ဒဏ်ရာ ရမှာ မဟုတ်ဘူး
💕Once upon a time💕
Start from the beginning
