💕Once upon a time💕

Start from the beginning
                                        

"ဒီအတိုင်း အဆင်ပြေတာပဲချက်ပါ... အဓိကက မြိုင်တို့နဲ့စကားအေးဆေးပြောရင်း အချိန်ကုန်ဆုံးချင်တာ... ရိုးရာအစားအစာတွေလည်းချက်မနေသားရေ... အန်တီတို့တွေ ညဈေးဘက်မှာ အားလုံးသွားစားကြလို့ရတာပဲ... ဒီအတိုင်း အဆင်ပြေပြီးလွယ်တာပဲချက်... မြိုင့်သားဆိုကတည်းက ဟင်းချက်လက်ရာကို ယုံကြည်ပြီးသား"

"ဒါဆို ဝက်သားကို ကင်ပြီးသုပ်လိုက်မယ် အရည်သောက်ဖို့က ကျွန်တော်အဆင်ပြေသလိုကြည့်စီစဉ်လိုက်ပါ့မယ်"

"အေးအေး သား"

"ဟို ဓာတ်မတည့်တာတို့ အစပ်မစားနိုင်တာတို့ရှိလားဗျ"

ရောင်နီအားလုံးကို ခြုံပြီးမေးလိုက်ပေမယ့် ဘယ်သူမှထွေထွေထူးထူးဓာတ်မတည့်တာ မရှိတာကြောင့် ဟင်းချက်ဖို့ပြင်ဆင်လိုက်တော့သည်။ အမေနဲ့အန်တီနွယ်တို့က စကားပြောနေရင်း ကူညီပေးမယ်ပြောပေမယ့် ဒီနေ့တော့ ရောင်နီတစ်ယောက်တည်းပဲ ချက်ဖို့ပြုတ်ဖို့တာဝန်ယူလိုက်မယ် အမေတို့အေးဆေးစကားပြောကြပါလို့ပြန်ပြောရင်း ချက်ပြုတ်ဖို့ပြင်ဆင်လိုက်တော့သည်။

"အလုပ်က လုပ်နေသေးတာလား နှောင်းရယ်... ခရီးထွက်လာတာ အေးဆေးနားပါ... သူဇာတို့ကလည်းလေ နှောင်းကနေမကောင်းရတဲ့အထဲ ခရီးလည်းထွက်နေပါတယ်ဆို"

"ရပါတယ် မမမြတ်ရဲ့... မနက်က ဖိုင်တစ်ဖိုင်ပို့ရင်း လိုအပ်တာတွေ စစ်ပေးနေရုံပါပဲ... အစ်မသူဇာကတောင် အေးဆေးနားဖို့ပြောနေတာ နှောင်းက အားနာလို့လေ... ပြီးတော့ မေးတာရှိရင် ချက်ချင်းဖြေလို့ရအောင် လိုင်းကို ဖွင့်ထားတာပဲရှိတာပါ ဟီး"

"အင်းပါ အစ်မက နှောင်းပင်ပန်းမှာစိုးလို့လေ နေလည်းမကောင်းဘူးမလား"

"လက်ကနည်းနည်းနာတာကလွဲရင် အဆင်ပြေပါတယ်... ခြေထောက်ကလည်း ရောင်နေတာပဲရှိတာ သက်သာနေပြီ"

"အင်းပါ နှောင်းအဆင်ပြေတယ်ဆို ပြီးတာပဲ"

မမမြတ်နဲ့စကားနည်းနည်းပါးပါးပြောပြီး မမမြတ်က နှောင်းနားက ထွက်သွားကာ တီမြိုင်တို့နဲ့ စကားလက်ဆုံကျနေသည်။ နှောင်း မောင့်ကို မသိမသာလှမ်းကြည့်လိုက်တော့ မောင်က ဖုန်းကိုကြည့်နေတာမို့ နှောင်းလည်း IG ဖွင့်ကာ စာပို့လိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now