နှောင်း အလုပ်လုပ်နေရင်း နောက်ဘက်က ကြားလိုက်ရတဲ့မောင့်အသံကြောင့် လှည့်ကြည့်လိုက်တော့ အပေါ်က ခရင်ကာလာ ယောကျာ်းဝတ်တီရှပ်ပွပွကို စတိုင်ပန်လိုချည်သားဘောင်းဘီခရင်ကာလာကို ဝတ်ဆင်ထားတာမို့ တကယ့်ကို သန့်ပြန့်ပြီး ချောလွန်းနေတာမို့ နှောင်းမှာ ကိုယ့်ရည်းစားကို ပြန်ငေးနေရသည့်အဖြစ်။ မောင်က တီမြိုင်နဲ့စကားပြောနေရင်း။ဖျတ်ခနဲ့နှောင်းကိုလှမ်းကြည့်လိုက်တာမို့ ဘာလုပ်ရမှန်းမသိဘဲ ရှေ့သာပြန်လှည့်နေလိုက်မိသည်။
အိမ်မှာနေတာမို့ သေချာဖြီးသင်ထားခြင်းမရှိတဲ့ ဆံပင်တွေက ကော်ဖီကိုအာရုံစိုက်ကာ ငုံ့ဖျော်နေချိန်မှာ မျက်နှာရှေ့ကို ခပ်အုပ်အုပ်ကျနေတာကလည်း ကြည့်ကောင်းနေပြန်သည်။ တီမြိုင်တို့လည်းရှိနေတာမို့ နှောင်းလည်း ငေးမနေတော့ဘဲ လုပ်စရာရှိတာသာ ဆက်လုပ်နေတော့သည်။
💕💕💕💕💕
ရောင်နီ ရေချိုးပြီးထွက်လာတော့ နှောင်းက အလုပ်လုပ်နေပြီး အမေတို့က ဆိုဖာမှာထိုင်နေကာ ကိုစေညွှန်ရာဆိုတဲ့ ပုဂ္ဂိုလ်နဲ့စကားပြောနေကြသည်။ ရောင်နီ့ဆီအကြည့်တွေရောက်လာတဲ့ ထိုပုဂ္ဂိုလ်ကို ရောင်နီ ခေါင်းငြိမ့်ကာ ပြုံးပြလိုက်ပြီး လျှော်ထားတဲ့ခေါင်းကို သဘက်အသေးလေးနဲ့သုတ်ကာ နှောင်းထိုင်နေတဲ့နား လျှောက်သွားပြီး
"အလုပ်က မပြီးသေးဘူးလား"
"ဟင့်အင်း ပြီးပါပြီ... ထွေထွေထူးထူးမရှိပါဘူး ဒီအတိုင်း လိုင်းတက်ပြီး Stand by စောင့်နေတာ... နင် နေ့လည်စာချက်တော့မှာလား"
"အင်း... ဘာစားချင်လို့လဲ"
"ငါက ဘာဖြစ်ဖြစ်ရပါတယ်... နင် ဘာချက်မှာလဲ"
"ဝက်သားရယ် ပုစွန်ရယ် တစ်ခြား Ready Made အသားလုံးတွေဘာတွေတော့ရှိတယ်... အမေတို့ရော ဘာစားချင်လဲ"
ရောင်နီ နှောင်းကိုပြောနေရင်း တစ်ခါတည်း အမေ့ကိုပါလှမ်းမေးတော့
"နွယ်တို့လာမှ သူတို့စားချင်တာကိုမေးပြီး အဆင်ပြေအောင် ချက်ကြမယ်လေ... သားအရင်ခေါင်းသုတ်ပါဦး"
"ဟုတ်"
ရောင်နီခေါင်းသုတ်ပြီးချိန်မှာပဲ အမေ့သူငယ်ချင်းမိသားစုကရောက်လာကြသည်။ စားဖိုသောက်ဖို့ဆွေးနွေးတိုင်ပင်ကြတော့
💕Once upon a time💕
Start from the beginning
