"အဲ့လောက်လည်း မဟုတ်ပါဘူးဗျ"
ရောင်နီ့မှာ ချီးကျူးနေတဲ့ဆရာဝန် အစ်ကိုဆက်ရဲ့စကားကို မခံယူဝံ့စွာ ပြန်ပြောပြီးနောက် နှောင်းဘက် လှည့်ကြည့်ကာ
"ကဲ ဆရာမ တစ်ပုဒ်လောက်ရွေးပါဦး"
"နှောင်း Westlife ရဲ့ ဟိုသီချင်းလေ အဲ့ဒါဆိုပါလား... နင်တို့အဲ့သီချင်းမဆိုတာ ကြာပြီ"
"အင်း ဟုတ်တယ် ငါတို့အဲ့သီချင်းမဆိုတာကြာပြီ ငါတီးပြီနော် နှောင်း"
လင်းရဲ့အဆိုပြုချက်ကို ရောင်နီက ထောက်ခံနေတာကြောင့် နှောင်းလည်း သက်ပြင်းချပြီး မထူးစိတ်ပိုက်ကာ
"အေး နင်တို့ဆိုခိုင်းတာနော်... နောက်မှ ငါ့ကို နားညီးပါတယ်ဆိုပြီး အပြစ်မပြောနဲ့... အိုခေ စမယ်"
နှောင်းဆူပုတ်ပုတ်နဲ့ပြောကာ ဦးကို စဆိုဖို့ပြောလိုက်သည်။
မြိုင်ကတော့ သမီးနှောင်းအပြောကို ရယ်လိုက်မိတော့ ဘေးမှာထိုင်နေတဲ့နွယ်က
"ဘာလို့လဲ မြိုင်... နှောင်းက အသံမကောင်းလို့လား"
"နွယ်စောင့်ကြည့်ရင် သိလာလိမ့်မယ် ဟင်း ဟင်း"
ထိုအချိန်မှာပဲ ဂစ်တာသံလေးထွက်ပေါ်လာကာ
ရောင်နီ
🎵I want to call the stars
Down from the sky, I want to live a day That never dies, I want to change the world Only for you
All the impossible I want to do
နှောင်း
🎵 I want to hold you close
Under the rain, I want to kiss your smile And feel the pain, I know what's beautiful Looking at you, In a world of lies, You are the truth
ရောင်နီ/နှောင်း
🎵And baby
Every time you touch me
I become a hero
I'll make you safe
No matter where you are
And give you
Everything you ask for
Nothing is above me
I'm shining like a candle in the dark
When you tell me that you love me
မိုးသောက်
🎵 I want to make you see
Just what I was
Show you the loneliness
And what it does
နှောင်း
🎵
You walked into my life
To stop my tears
Everything's easy now
I have you here
ရောင်နီ/မိုးသောက်/နှောင်း
🎵
And baby
Every time you touch me
I become a hero
I'll make you safe
No matter where you are
And give you
Everything you ask for
Nothing is above me
I'm shining like a candle in the dark
When you tell me that you love me
မ,ကို အဲ့လောက်ထိအသံကောင်းမယ်လို့ စေ မထင်ခဲ့မိ။ စောနက သီချင်းဆိုဖို့ အကြောက်အကန်ငြင်းနေတော့ မ,ကိုအသံမကောင်းဘူးလို့ ထင်နေတာ။ အခုများတော့ ဆိုနေလိုက်တာ အသံနေအသံထား ဘာမှအပြစ်ပြောစရာမရှိပေ။ High Note တွေမှာတောင် အသံတစ်ချက်ယိုင်သွားတာမရှိ။ တစ်ကယ့်ကို Mood အပြည့်နဲ့ သုံးယောက်သား လိုက်ဖက်ညီစွာ သီဆိုနေပုံက Professional တွေလိုပင်။ သီချင်းဆုံးသွားချိန်မှာတော့ အားလုံးက လက်ခုပ်တီးပြီး စေပြောချင်တဲ့ ချီးကျူးစကားကို အစ်မဖြစ်သူက အရင်ဦးအောင် ပြောသွားသေးသည်။
💕Once upon a time💕
Start from the beginning
