လင်းချင်းဟယ်က သူတို့ကို အဲဒီအတွက် ခွင့်ပြုလိုက်သည်။ အဖေနှင့်သားများကို နွေးနွေးထွေးထွေး ဝတ်စေပြီးနောက် သူမက အပြင်ထွက်ဖို့ကို ခွင့်ပြုလိုက်သည်။

သူတို့ ထွက်သွားခါနီးမှာ ကျိုးချင်းပိုင်က သူမကို ဖက်နမ်းလိုက်တာက သူမကို မျက်နှာနီလာစေပြီး နှလုံးခုန်မြန်လာစေသည်။

သူတို့ ထွက်သွားပြီးတဲ့နောက် လင်းချင်းဟယ်က အင်္ဂလိပ်စာလေ့လာဖို့ တစ်ကိုယ်တည်းနေခဲ့သည်။ စုချန်ပေါက်စလေးက အမေကျိုး၏နေအိမ်သို့ ခေါ်ဆောင်သွားခံလိုက်ရသည်။

သူမသည် အင်္ဂလိပ်စာအတော်များများကို မေ့သွားပြီ ဖြစ်သော်ငြား သူမက အခြေခံတော့ ရှိဖူးပြီး ဖြစ်သည်။ သူမက အသံထွက်ကို သိနေသရွေ့တော့ အဆင်ပြေနိုင်သေး၏။

လင်းချင်းဟယ်သည် စာလုံး၂၀နှင့် စာကြောင်း၁၀ကြောင်းကို ကျက်မှတ်ပြီးနောက် အလုပ်ပြန်လုပ်ရန် မီးဖိုချောင်သို့ ဝင်လိုက်သည်။

အရင်ဘဝတွင် သူမသည် ဇနီးကောင်းနှင့် မိခင်ကောင်းဖြစ်ရန် လုံးဝ မတွေးဖူးပေ။

အဖေနှင့်သားများသည် အိမ်ကနေ ထွက်သွားသည့်အတွက် သူမသည် စားကောင်းသောက်ဖွယ်တွေကို သူတို့ပြန်သည့်အခါ စားရအောင် စတင်ပြင်ဆင်တော့သည်။ ပင်ပင်ပန်းပန်း လုပ်ရခြင်းက ဘဝပေးကံတရားအလားပင်။

လင်းချင်းဟယ်သည် ပဲနီကို ပြုတ်လိုက်သည်။ သူမက ပဲလိပ်အဆာသွပ် တစ်အိုး လုပ်ချင်ပြီး သူတို့ကို အရံသိမ်းထား၍ ရပေသည်။

ပဲလိပ်အဆာသွပ်၏အရသာက အလွန်ကောင်းသည်။ မိသားစုတစ်ခုလုံး ကြိုက်ပေသည်။

သူမ ပဲလိပ်အဆာသွပ် လုပ်သည့်အခါ အကြီးဆုံးမရီးက ရပ်နေခဲ့သည်။ စတုတ္တလေး၏ဇနီးက အစားသောက်ချက်နေသည်ကို မြင်ပြီးနောက် အကြီးဆုံးမရီးက သဘောတကျ ကြည့်ရှုနေလေသည်။

"ယန်ယန်နဲ့ ကလေးတွေက စတုတ္ထဒေါ်လေးက ချက်ပြုတ်တာ တော်တယ်လို့ ပြောတာ မအံ့ဩတော့ဘူး။ သူတို့က မင်းရဲ့ကလေးတွေ ဖြစ်ချင်နေကြတာ" အကြီးဆုံးမရီးက ကျယ်လောင်စွာ ရယ်လိုက်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now