Chapter-180

2.8K 336 0
                                    

အခန်း (၁၈၀) - သာမန်လူများအမြင်နှင့်ကွဲနေ

လင်းချင်းဟယ်သည် ထိုကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမှ မကြားခဲ့ဖူးပေ။ ယင်းက သူမ၏ အောက်ခြေ အကန့်အသတ်ကို ကျော်လွန်သွားခဲ့၏။

ဒီအဖြစ်အပျက်က တကယ်ကြီး ဒီအတိုင်း ဖိနှိပ်ခံလိုက်ရတာပဲ။ ဆယ်မိုင်တစ်ဝိုက် ဒီသတင်းက ပျံ့နှံ့နေပြီး ဆိုပေမယ့် ဘယ်သူမှလာမဖမ်းကြဘူး။ ဘာကို ဖမ်းနေရဦးမှာလဲ။ စန်းမားက သားတစ်ယောက်ရဖို့အတွက် လူကြီးတွေက ဝမ်လင်းကို မတ်ဆီကနေ ငှားခိုင်းလိုက်တာပဲ။

သို့သော် ထိုအဖြစ်အပျက်သည် လင်းချင်းဟယ်ကို နယ်စပ်ရှိ တချို့သော ဓလေ့ထုံးစံများက အမှန်တကယ် ခေတ်နောက်ကျနေတယ် ဆိုတာကို သိခွင့်ပေးလိုက်လေ၏။

ထိုအရေးကိစ္စအဖို့ အားလုံး၏ သည်းခံနိုင်စွမ်းက တော်တော်လေး ကောင်းနေသည်။ ရွာဖက်ရှိလူများက သန့်စင်ပြီး ရိုးရှင်းရုံထက် ပိုနေလေ၏။

လင်းချင်းဟယ်က ထိုကိစ္စကို အာရုံမစိုက်တော့ပေ။ လက်ရှိတွင် သူမက မနက်တိုင်း၌ ကျောင်းကို စက်ဘီးဖြင့် စီးသွားရ၏။ ယင်းက အရိုးထဲထိအောင်အေးစိမ့်သည်။

မည်သူမှ သတိမပြုမိဘဲ ကျိုးချင်းပိုင်က မြို့ကနေ သူမအတွက် အနွေးအိတ်လေး ဝယ်လာပေးသည်။

ရေနွေးပူပူကို အထဲထည့်ထားသရွေ့ထိုအနွေးအိတ်က အချိန်အတော်ကြာနွေးနေပေလိမ့်မည်။ လက်ထဲ၌ ကိုင်ထားလျှင် လက်နွေးစေ၏။

ကျိုးချင်းပိုင်က ယခုအချိန်၌ အလုပ်သွားရန်မလိုအပ်ချေ။ သူက မနက်တိုင်း လင်းချင်းဟယ်ကို လိုက်ပို့ပေး၏။ လင်းချင်းဟယ်က သူ့ကို ပို့ခွင့်မပြုပေ။ လူတစ်ယောက် ပိုလာဖို့ မလိုအပ်သောကြောင့် သို့သော်ငြား သူက ခေါင်းမာနေသောကြောင့် သူမက ခွင့်ပြုထားလိုက်ရ၏။

"ဆရာမလင်း ရှင့်ရဲ့ခင်ပွန်းက ရှင့်ကို တကယ်ချစ်တာပဲ" လင်းချင်းဟယ်နှင့် ဆက်ဆံရေးကောင်းသည့် ဆရာရွှီက ကျိုးချင်းပိုင်ထွက်သွားပြီးနောက်ပြုံးပြီး မှတ်ချက်ချလိုက်၏။

ဆရာမရွှီက လင်းချင်းဟယ်သည် ပညာတတ်လူငယ်ကို ဖိနှိပ်သည့်အချိန်၌ ရှိနေခဲ့သည့် ဆရာမဖြစ်၏။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now