"မဟုတ်ပါဘူး..အန်တီ မင်းဆီကိုပဲ လာတာပါ..."
အန်တီခင်ထားက ဆွဲထားတဲ့ လက်ကိုင်အိတ်ကို စားပွဲပေါ်ကိုတင်ပြီး ၀င်ထိုင်သည်။လာရင်းက လက်ရုံးဆီကိုပဲဆိုတာ ရှင်းနေသလို။ဘာအကြောင်းကြောင့်မှန်း မသိသော်လည်း ...
"ဟုတ်.. ကျွန်တော့်ဆီကို ဘာကိစ္စများရှိလို့လဲမသိဘူး.. "
"အန်တီမင်းကို ပြောစရာလေးရှိလို့ပါ... အထူးသဖြင့် အန်တီ့သားမသိအောင်ပေါ့.. "
အန်တီခင်ထားက ဘာကိုဆိုလိုသည်ဆိုတာ မခန့်မှန်းနိုင်။ဒီလူမသိအောင် တိုးတိုးတိတ်တိတ်ဘာမျှပြောစရာ ရှိမနေဟု ထင်သော်လည်း ခုကအခိုင်အမာကြီး ကိုယ်နဲ့ပဲ ရှင်းရမည့် ကိစ္စတစ်ရပ်လို။
"ဟုတ်..ပြောပါဗျ"
"ဒီလိုပါ..အန်တီ့မှာလဲ ဒီသားတစ်ယောက်တည်းရှိတယ်ဆိုတာ..မောင်လက်ရုံးလဲအသိမဟုတ်လား..
ဒီတော့ အန်တီ့သားနဲ့ သမီးနေခြည်ကို စေ့စပ်ပေးမယ့်ကိစ္စ..""လိုရင်းကို ပြောလို့ရပါတယ်..ကျွန်တော်က
ဝေ့၀ိုက်ပြောနေရင် နားလည်တဲ့သူမျိုးမဟုတ်လို့
အန်တီခင်ထားလည်း အားနာစရာမလိုပါဘူး..."အန်တီခင်ထား ဘာကိုဆိုလိုသည်ဆိုတာ လက်ရုံးဒီစကားနဲ့တင် နားလည်သလိုလို။ဒီလူနဲ့ မနေခြည်ကိုစေ့စပ်ပေးဖို့ကိစ္စဆိုတော့ ကိုယ်ကကြားလူဖြစ်နေသလို လာပြောနေခြင်းမျိုးမဟုတ်လား။ သို့သော် အရှင်းလင်းဆုံးဖြစ်ချင်တာမို့ အားနာစရာမလိုကြောင်း ပြောတော့...
"ဒီလိုဆိုလဲ သားနှိုင်းနဲ့ သမီးနေခြည်နဲ့ကို လက်ထပ် ပေးမယ်ဆိုတာ သိထားပေးပါ။ပြီးတော့ ဒါအန်တီအရင်ထဲက စီစဉ်ထားခဲ့တဲ့ သေချာပေါက်ဖြစ်လာမဲ့ ကိစ္စတစ်ခုမို့ ဘာအမှောက်၊အဖြတ်မျိုးမှ မဖြစ်ချင်ဘူး..။ဒါကြောင့်.."
"အန်တီခင်ထား သိနေခဲ့တာလား..."
"..."
"ကျွန်တော်နဲ့ အန်တီ့သားနဲ့ ကိစ္စအချို့ကို..."
"အန်တီလဲ တည့်ပဲပြောချင်ပါတယ်..အန်တီရိပ်မိနေတာကြာပါပြီ .. သေချာနေတာမျိုးမဟုတ်ဘူး။
ဒါပေမဲ့ ခုသေချာသွားပြီလို့ ပြောလို့ရမလားမသိဘူး.."
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"
26(Part -2)
Start from the beginning