21'

9.2K 538 17
                                    

ရှောင်းကျန့်အလုပ်လုပ်နေရင်းစာဝင်လာတယ်။သေချာပေါက်သူ့ယောက်ျားလေးဆီကပဲပေါ့။ရှောင်းကျန့်မျက်နှာကသကာရည်လောင်းထားသလိုပဲချိုမြိန်သွားတယ်။

•ကော ရုံးဆင်းရင်ကျွန်တော်လာကြိုမယ်နော်😘

"အမယ်... ရုပ်ကလေးကိုက"

ရှောင်းကျန့်Screenပေါ်မှအီမိုဂျီအားလက်ထိပ်လေးနဲ့တို့ကာသူ့အသဲထဲကယားလာသလိုခံစားရတယ်။ ပြောလို့ပြောတာမဟုတ်ဘူး သူ့ယောက်ျားလေးကအရမ်းရမ်းချစ်စရာကောင်းတာ။ဝမ်ရိပေါ်ကိုဘယ်တည်းကချစ်မိသွားမှန်းမသိပေမယ့် သူသိလိုက်တဲ့အချိန်မှာ ဒီလူဟာသူလုံးဝလက်မလွှတ်နိုင်တော့တဲ့လူဖြစ်နေခဲ့ပြီဖြစ်တယ်။

ပြုံးရွှင်နေတဲ့ရှောင်းကျန့်ကိုလုပ်ဖော်ကိုင်ဖက်အသစ်တွေကထူးဆန်းသလိုကြည့်နေကြတယ်။ဒါကိုတော့ကြည်နူးနေတဲ့ရှောင်းကျန့်တစ်ယောက်မသိလိုက်ပါဘူး။ သူ့စိတ်ထဲရုံးဆင်းချိန်ရောက်ရန်သာစိတ်စောနေလေသည်။

ဒီနေ့မှတောင်နာရီတွေဟာနှေးကွေးလွန်းတယ်လို့ရှောင်းကျန့်တစ်ယောက်တွေးနေမိတယ်။ သူ့ကိုယ်ပိုင်အလုပ်ဆိုရင်တောင်ချက်ချင်းလာခေါ်ဖို့ဖုန်းဆက်နိုင်သေးသည်။ လိန်ပိန်နေတဲ့ရှောင်းကျန့်ကညနေရုံးဆင်းချိန်ရောက်တာနဲ့အလွန့်အလွန်တက်ကြွလာကာ ဘာကိုမှစောင့်ဆိုင်းမနေတော့ဘဲအိတ်ကိုဆွဲပြီးထွက်လာခဲ့တော့သည်။ရိပေါ်ကိုရုံးဆင်းပြီဖြစ်ကြောင်းစာပို့တော့ အလိုက်သိတဲ့ယောက်ျားကအောက်မှာရောက်နေပါပြီတဲ့။

ရှောင်းကျန့်ဆင်းလာတော့ တန်ဖိုးကြီးကားတစ်စီးကိုမှီကာသူ့ကိုရပ်စောင့်နေတဲ့ရိပေါ်ကလက်ပြကာပြုံးပြတယ်။ရှောင်းကျန့်လည်းလက်ပြန်ပြလိုက်ပြီး ခြေလှမ်းတို့အားအရှိန်မြင့်လိုက်လေသည်။

"မင်းရောက်နေတာကြာပြီလား"

"မကြာသေးပါဘူး စောနလေးကမှ.. ကျန့်ကောတက်ပါ..."

ရိပေါ်ကမောင်းသူဘေးမှတံခါးအားဖွင့်ပေးတော့ရှောင်းကျန့်ဝင်ထိုင်လိုက်တယ်။ ထို့နောက်စကားတပြောပြောဖြင့်မောင်းထွက်လာခဲ့တော့သည်။

🎉 You've finished reading 𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽] 🎉
𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now