15'

5.9K 513 6
                                    


ရှောင်းကျန့်အသံတစ်ခုကြောင့်နိုးလာခဲ့တယ်။ နဘေးမှနေရာမှာလွတ်နေသောကြောင့်ရိပေါ်အိပ်ယာထသွားပြီမှန်းသိလိုက်သည်။ ညကအိပ်မက်ကြီးကသူ့ကိုတကယ်သွေးလန့်နေစေတုန်းပဲ။ ရိပေါ်ပျောက်နေတော့ရှာရန်အိပ်ယာမှထတယ်။ကုတင်ဘေးစားပွဲပေါ်မှဖုန်းScreenကမီးလင်းလာတာကြောင့်ရှောင်းကျန့်လှမ်းယူကာကြည့်လိုက်တော့အမည်မသိဖုန်းနံပါတ်မှ photo messageတွေ

ဘာများလဲဆိုတဲ့သိချင်စိတ်ကြောင့်သူဖွင့်ကြည့်လိုက်တယ်။ ဓါတ်ပုံများမှာကြည်လင်ပြတ်သားလွန်းနေပြီး အထဲတွင်တော့အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တို့ပါသည်။ သေချာပေါက်အမျိုးသားကဝမ်ရိပေါ်ပဲ သူ့ဘေးမှမိန်းကလေးကိုတော့ရှောင်းကျန့်တစ်ခါမှမမြင်ဖူးပေ။

ရိပေါ်ကထိုမိန်းကလေးရဲ့အဝတ်အိတ်နှစ်အိတ်ကိုသယ်ပေးလာတဲ့ပုံတွေရယ် ကားထဲတူတူဝင်သွားကြတဲ့ပုံတွေရယ် ပြီးတော့.... သူတို့  ဟိုတယ်တစ်ခုထဲဝင်သွားကြတဲ့ပုံတွေ

အသေးစိတ်ကအစသေချာရိုက်ယူထားခြင်းပင်။

ရှောင်းကျန့်ကသူ့မျက်လုံးတွေကိုမယုံကြည်နိုင်ဘူးဖြစ်နေတယ်။ ဝမ်ရိပေါ်ကသူနဲ့လက်ထပ်ထားတဲ့အိမ်ထောင်သည်တစ်ယောက်လေ ဘယ်လိုဖြစ်လို့အခြားမိန်းမတစ်ယောက်နဲ့ဟိုတယ်ထဲဝင်သွားရတာလဲ။

သူစဥ်းစားမိတဲ့အကြောင်းတစ်ချို့ကြောင့်ရှောင်းကျန့်ရဲ့မျက်ဝန်းတို့ထဲအရောင်တောက်သွားတယ်။

ရိပေါ်ကမိန်းမတစ်ယောက်နဲ့ဟိုတယ်ထဲဝင်သွားတယ်!!!!!။

မနက်စောစောအိပ်ယာဘေးမှာရှိမနေတာ အဲ့ဒီမိန်းမကိုသွားကြိုနေရလို့လား!

ရိပေါ်ကငါ့ကိုထားသွားတော့မှာလား..

ရှောင်းကျန့်မြန်ဆန်စွာအိပ်ယာမှထကာ​သူတို့အခန်းထဲမှဗီရိုတံခါးအားဖွင့်လိုက်တယ်။ ဗီရိုရဲ့အောက်ဆုံးထပ်ရှိစာအိတ်အနက်လေးကိုအင်္ကျီတွေအောက်မှဆွဲထုတ်လိုက်တယ်။ ထိုအိတ်အနက်ထဲမှာတော့ ကွာရှင်းစာချုပ်နှစ်စောင်

အရင်က မေမေပြောတာမှတ်မိသေးတယ်

အချိန်တစ်ခုကြာမှကွာရှင်းပါတဲ့  တစ်နှစ်ဆိုတဲ့အချိန်ကကွာရှင်းဖို့အတွက်လုံလောက်ပြီနဲ့တူပါတယ်။

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now