ရှောင်းအိမ်တော်၏ဥယျာဉ်ထဲ၌...မို့အစ်နေတဲ့မျက်ခွံတို့နဲ့ငူငူကြီးထိုင်နေတဲ့ရှောင်းအိမ်တော်ရဲ့သခင်လေး ရှောင်းကျန့်
သူ့ရှေ့မှာတော့ ကျုံ့ကျုံ့လေးထိုင်လို့အရိပ်အခြေကြည့်နေတဲ့16နှစ်အရွယ်ကလေးမလေးတစ်ယောက်ရှိတယ်။ သူမကရှောင်းအိမ်တော်ရဲ့အလုပ်သမားတွေထဲကတစ်ယောက် ငယ်ငယ်တည်းကမိဘတွေမရှိတော့သူမို့ဦးလေးဖြစ်သူအိမ်တော်ထိန်းကြီးနဲ့အတူနေထိုင်လာခဲ့ရခြင်းဖြစ်သည်။"လင်အာ ငါမှားလား ဟမ်
ဒီကောင်ငါ့အပေါ်လူပါးဝသွားလား မဝသွားဘူးလား နင်ဖြေစမ်းပါအုံး""အဲ!
သေချာပေါက်ပေါ့ အကိုလေးရဲ့""ဘာကိုသေချာပေါက်လဲ! ရှင်းရှင်းလင်းလင်းဖြေပေး"
လင်အာအကြပ်ရိုက်နေပြီ သူမတစ်မနက်လုံးအကိုလေးရဲ့ရင်တွင်းခံစားချက်တွေကိုနားထောင်နေရခြင်းဖြစ်ပြီး မကြာခဏလည်းသူတို့လင်လင်တွေအကြားမှတ်ချက်တွေပေးခိုင်းတတ်ပြန်သည်။ ကြားသုံးကြားမဝင်ကောင်းဘူးဆိုတာကောင်းကောင်းကြီးသိတဲ့သူမ ဘယ်လိုလုပ်ပြီးအကိုလေးတို့ကြားမှတ်ချက်ဆိုးဆိုးတွေပေးရဲမှာလဲလို့။ ပြီးတော့သူမကခုမှရည်းစားတောင်ဘာလဲမေးယူရမယ့်စင်ဂယ်စစ်စစ် ကလေးလေးပဲရှိသေးတဲ့ဟာ အိမ်ထောင်ရေးကိစ္စတွေလာပြောတော့ဘာသိမှာလဲလို့။
လင်အာကငိုမဲ့မဲ့ဖြစ်လာပြီ ဖြစ်နိုင်ရင်အကိုလေးရှေ့ကနေဝှစ်ခနဲပျောက်ကွယ်သွားလိုက်ချင်မိသည်။
ဘာ့လို့သူမကျောင်းပိတ်ရက်မှအကိုလေးကသူ့ယောက်ျားနဲ့ရန်ဖြစ်လာရတာလဲလို့!!
"ဖြေလေ!"
"ဟုတ်
ဝမ်အကိုလေးက အကိုလေးကိုလူပါးဝသွားတာ သေ သေချာပါတယ်"ရင်ထဲမှာကျိတ်ငိုရင်းအဖြေပေးလိုက်တယ်။နောင်ခါသူတို့ပြန်တည့်သွားရင်ဒီကိစ္စကိုအစပြန်မဖော်ပါစေနဲ့ ဘုရား ဘုရား...
"ဘာ့လို့အဲ့လိုလုပ်ရတာလဲ
ငါက... ငါ က သူ့အတွက် ပျင်းဖို့ကောင်းလာလို့လား.." ရှောင်းကျန့်ကဝမ်းနည်းနေသလိုပြောလာတော့လင်အာသက်ပြင်းလေးချရင်း
YOU ARE READING
𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]
Fanfiction«𝐘𝐢𝐳𝐡𝐚𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧»✓ 𝙵**𝚔 𝚖𝚢 𝚕𝚞𝚌𝚔! 𝒔𝒕𝒂𝒓𝒕- 𝑭𝒆𝒃𝒓𝒖𝒂𝒓𝒚 3 , 2022 𝒆𝒏𝒅- 𝑶𝒄𝒕𝒐𝒃𝒆𝒓 18 , 2022