00'

23.9K 870 17
                                    


            Intro
         ============

မင်္ဂလာခန်းမကြီးအလယ်ရှိလျှောက်လှမ်းထက်တွင်အတူတကွလျှောက်လှမ်းလာကြသောလူနှစ်ယောက်
သတို့သမီးရဲ့ဇာပုဝါအောက်ရှိမျက်နှာလေးကစိတ်လှုပ်ရှားမှုစိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နှက်နေပေမယ့် လှပနေတုန်းပဲ..

သတို့သားကြီးဟာတော့ဂုဏ်ယူကျေနပ်ပြုံးကြီးဖြင့်

သူဘယ်လိုတောင်ကြိုးစားပြီးမှရလာခဲ့တဲ့မိန်းမလဲလို့ ဒီလောက်တော့ပျော်သင့်တယ်မဟုတ်လား အခုချိန်ဆိုဟိုကောင်ကျင်းဟွမ်လုတစ်ယောက်ဘယ်ချောင်ကပ်ငိုနေပြီလဲမသိဘူး ဟား ဟား
တွေးရင်းနဲ့အရမ်းအရမ်းကျေနပ်အားရပျော်ရွှင်တာပဲ...

ကျင်းဟွမ်လုဆိုသူနဲ့ယခုသတို့သားကြီးရှောင်းကျန့်တို့ဟာငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပြီးငယ်ငယ်တည်းကအပြိုင်အဆိုင်များရှိခဲ့သည်။

သူတစ်ပြန်ကိုယ်တစ်ပြန်နိုင်ခဲ့ကြတာချည်းပေမယ့် ယခုတစ်ခေါက်အနိုင်ရသူကတော့ရှောင်းကျန့်ပေါ့လေ..

သူတို့နှစ်ယောက်ကယွီဟွားလန်ဆိုတဲ့Major Queenကိုအပြိုင်လိုက်ခဲ့ကြတယ် ဟွားလန်မှာအသားအရည်မှာရွှေအဆင်းရှိပြီးအရုပ်လေးတစ်ရုပ်အလားလှပလွန်းသည်။

သူမကလှပပေမယ့်အလှဂုဏ်မမောက် စကားပြောအနေအထိုင်သိမ်မွေ့ကျစ်လျစ်တဲ့အမျိုးမှန်အဖိုးတန်မိန်းကလေးတစ်ယောက်ပင် မိသားစုကျောထောက်နောက်ခံလည်းကောင်းသလိုအကျင့်စာရိတ္တလည်းကောင်းမွန်တာမို့ ချွေးမတော်ချင်ကြတဲ့သားရှင်တွေဟာလည်းလာလာကမ်းလှမ်းကြတယ်

ဒါပေမယ့်မိဘတွေကသမီးစိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားကြသည်။

သူမကိုလိုက်ပိုးပန်းကြသောယောက်ျားတိုင်းဟာသူမရဲ့အလိမ္ပာယ်နည်းဖြင့်အငြင်းခံရစမြဲပဲ  အဲ့ထဲမှာ ကျင်းဟွမ်လုနဲ့ရှောင်းကျန့်တို့လည်းပါခဲ့တယ်။

ဒါကြောင့်သူခက်ခက်ခဲခဲနဲ့ရထားတဲ့မိန်းမလို့ပြောတာပေါ့

သူတို့ငြင်းခံရတော့ နှစ်ယောက်ကပိုမိုစိတ်ထက်သန်ကာ ယွီဟွားလန်ကိုရတဲ့သူကတစ်ဘဝလုံးစာအနိုင်ရတဲ့လူပဲဆိုပြီး ပြိုင်လိုက်,လိုက်ကြတာ နောက်ဆုံးအခုရှောင်းကျန့်ကအနိုင်ရသွားတော့တာပေါ့

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now