Part - 32 ( Zg + Uni)

Start from the beginning
                                    

******************

" ကြာတယ်နော် မေသွေးခြယ် မင်း
ရေချိုးခန်းထဲ ဝင်သွားတာက "

အိမ်​​နေရင်း အဝတ်အစား သား ဝတ်ပြီး
ကုတင်ပေါ် တက်လာတော့ ကြာတယ်လုပ်နေ၍
နှုတ်ခမ်း ကိုက်​လိုက်​မိသည်။

" သား ဘာသာ ကြာတာ ခင်ဗျား အပူမပါဘူး
ဦးလင်းခြံရံ... ဒါနဲ့ ခင်ဗျား က
ဇစ်ဖြုတ်ကျွမ်းတယ်နော် "

" မင်း ဘယ်လိုမျိုး ပုံပဲ ဝတ်ထားဝတ်ထား
ရှေ့မှာလည်း ချိတ်နဲ့လား ၊ ​နောက်မှာလည်း ချိတ်နဲ့လား
အားကစားဘရာလား ကြိုးပျောက်လား
ကိုယ် အကုန် လုပ်ပေးနိုင်တယ် "

" ဟွန့်... နှာဘူးပဲ ခင်ဗျား က "

" ယောင်္ကျားပဲ ဘူးမှာပေါ့ မဘူးရင် ဂန်ထူး
ဖြစ်သွားမှာလေ...  ဒါပေမဲ့
ကိုယ် ဇစ်ဖြုတ်ပေးတာ မင်း တစ်ယောက်ပဲ
ရှိတယ် မေသွေးခြယ် "

လူကို ရီဝေစွာ စိုက်ကြည့်ပြီး ပြောလာတော့
သား မဲ့လိုက်မိသည်။ မသိရင် ခက်မယ်။
သား ကို သူ့ အကြံနဲ့ ချဉ်းကပ်လာတယ်
ဆိုတာ။

ခုဏလေးကဘဲ မိုးပုလဲ သားကို ဖုန်းဆက်လာခဲ့
သည်။ ဦးလင်းခြံရံ က သား ကို နာကျင်အောင်
လုပ်ဖို့အတွက် ချစ်ဟန်ဆောင်မယ်ဆိုပြီး။

ဒီတော့ ဦးခြံရံ သား အပေါ် ကောင်းနေတာက
အကြံနဲ့လေ။ အကြံနဲ့ ဆိုပေမဲ့ သူ့  သား
ဂါဝန်ပြဲနေမှန်း ဘယ်လိုသိတာလဲ။ ဒါကို
သား တွေးလို့မရ။

"  ခင်ဗျား ကို သား တစ်ခု မေးစရာရှိတယ်
ဦးလင်းခြံရံ..... "

" မေးလေ မင်း ဘာမေးမလို့လဲ...??  "

ပေါ်တင်​​မေးစရာရှိတယ်​ ​ပြောလိုက်​​တော့
သူ့ ဘက်​က လိုလိုလားလားနဲ့ ​မေး​လေ
လုပ်​လာခဲ့သည်​။

" ခင်ဗျား သား ဂါဝန်ပြဲနေတာ ဘယ်လိုသိတာလဲ "

" ဪ.. ဒါလား ဒါက လွယ်ပါတယ်
မင်း show လျှောက်တဲ့ အချိန်မှာ
တစ်ချက် တစ်ချက် မင်း ဂါဝန်အောက်ပိုင်းကိုပဲ
ကြည့်နေခဲ့တယ်...ဒီလို ကြည့်နေတာက
မင်း ဂါဝန်​က  ပြဲရင် ပြဲ မပြဲရင် မင်း အောက်ပိုင်းက
တစ်ခုခု ဖြစ်နေလို့ပဲ "

" ဪ....ခင်ဗျား က တယ်တော်ပါလား
ဒါကြောင့်လည်း အခုလို အောင်မြင်တဲ့
စီးပွားရေးရှင်ကြီး ဖြစ်နေတာပဲ "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now