သူသည်ငြိမ်ငြိမ်ကလေးထိုင်နေသော်လည်းအသိစိတ်စီးကြောင်းတစ်လျှောက်တွင်အင်းဆက်ပိုးကောင်အကောင်တစ်ရာလောက်သူ့ခန္ဓာကိုယ်အနှံ့လှည့်ပတ်သွားလာနေသကဲ့သို့ မရိုးမရွခံစားမှုတို့သည် သူ့ကိုယ်ထဲတွင်အကျဥ်းကျနေသလို တင်းရင်းကျပ်ခဲနေ၏။ အီလည်ဆို့နင့်မွန်းကျပ်သောခံစားမှုကဆိုဖွယ်ရာမရှိလောက်အောင်စိတ်အစုံကိုပြင်းစွာလောင်ကျွမ်းလျက်ရှိရာ အသိတရားကိုတင်းညှစ်လိုက်လျှင်ရုန်းခနဲရုတ်ခနဲလှိမ့်တက်လာသောပူလောင်မှုသည်မျက်ဝန်းအတွင်းရှိသွေးကြောများကိုပြာကျစေမတတ်.. ပူလောင်လွန်းတာကြောင့်မျက်လုံးတွေကိုခပ်တင်းတင်းမှိတ်ကာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရသည်။
"So... what are you waiting for. Just take me and wreck me like there's no tomorrow"
သူ့နား,နားကပ်ကာတိုးတိုးညင်ညင်ပြောလာသောစကားသံသည်သူ့တစ်ကိုယ်လုံးနေရာလပ်မကျန်အောင်ကြက်သီးမွှေးညင်းများထစေပါသည်။ သူ့ကျောပြင်တွင်ပွတ်သပ်ပြေးလွှားလျှက်ရှိသောနူးညံ့သည့်အထိအတွေ့များကြောင့် ချုပ်တည်းထားသည့်ကြားမှတဖျင်းဖျင်း၊ တရှိန်းရှိန်းခံစားမှုကရင်ကိုတွန်းမပင့်တင်ထားသဖြင့်မလှုပ်သာ၊ မရုန်းသာဘဲခန္ဓာကိုယ်တစ်ခုလုံးသည်မြစ်ကမ်းပါးနားကအနည်ကျကျောက်တန်းကြီးများပမာလေးလံကာနေ၏။
"မထိနဲ့.. ဖယ်စမ်း"
လက်ကျန်အသိတရားတို့ကို မရမကစုစည်း၍မတရားဆွဲ,မတော့မှကြွလာသည့်ခန္ဓာကိုယ်ကြီးကိုအနိုင်နိုင်သယ်ပိုးရင်းထိုနေရာမှဝေးရာသို့ခွန်အားရှိသလောက်ရုန်းထွက်ခဲ့သည်။ ဖောက်လွှဲဖောက်ပြန်ဖြစ်လာနေသည့်သူ့ရဲ့စိတ်တို့ကို ဖန်တီးဉာဏ်ဆင်သူတို့ရှေ့မှာပြိုလဲမယ့်အဖြစ်မျိုး.. သူအဖြစ်မခံနိုင်ပါ။
"တောက်!"
သူများရဲ့ကြံစည်မှုကိုဘယ်တော့မှမခံရအောင်ဆင်ခြင်နေခဲ့သမျှ တစ်ချက်လေးသတိလွတ်သွားရုံနဲ့အခုလိုနောက်ကျောကိုဓါးနဲ့ထိုးခံရသည့်အဖြစ်ကိုတွေးရင်းဒေါသဖြစ်လွန်းလို့တက်ခေါက်မိတာလည်းအကြိမ်ကြိမ်။ အကောက်ကြံတဲ့သူကလည်းသူ့အမျိုးအရင်းခေါက်ခေါက်ဖြစ်နေတော့ ပိုခံပြင်းမိသည်။ ဒေါသအရှိန်.. ဆေးအရှိန်ကြောင့်.. အသိကပ်တစ်လှည့်ကွာတစ်လှည့်ဖြစ်နေတဲ့သူ.. သူ့ကိုယ်သူလဲမသွားအောင်အနိုင်နိုင်ထိန်းရင်းအခန်းဆီသို့ပြန်ခဲ့သည်။
KAMU SEDANG MEMBACA
Tie the Knot (✔️)