"ဒါရိုက်တာဂျွန်"
ခေါင်းတစ်ချက်သာအသာအယာညိတ်ပြ၍ ဝင်ပါ,ထိုင်ပါစသည့်ဧည့်ထောက်ခံစကားတစ်ခွန်းတလေမှမဆိုဘဲအလုပ်စားပွဲဆီသို့တန်းတန်းမတ်မတ်သွားကာဝင်ထိုင်သည်။ သူတို့နှစ်ဦး၏ တည်ရှိမှုကိုအင်္ကျီကော်လံပေါ်တွင်ပြေးလွှားနေသည့်ပုရွတ်ဆိတ်တစ်ကောင်လောက်တောင်အရေးတယူမရှိလှပါ။ ထိုသို့မထီမဲ့မြင်အပြုအမူများသည်မာနကိုထိခိုက်စေသဖြင့်အသားတွေဆတ်ဆတ်တုန်သည်အထိဒေါသဖြစ်မိပေမယ့် ကိုယ့်အထက်လူကြီးမို့အံကြိတ်သည်းခံနေရသည်။
"ဆောင်းဦးရာသီအတွက် event idea အသေးစိတ်ကိုအချောသတ်ပြီးလာတင်ပြတာပါ.. ဒါရိုက်တာဂျွန်"
ဂျောင်ကုကဌာနမှူးဟန် ကမ်းပေးလာသည့် file ကိုယူ၍ စားပွဲပေါ်သို့ပစ်တင်လိုက်ပြီးမျက်လုံးဖြင့်တစ်ချက်သာမြင်ရတယ်ဆိုရုံလေးစွေကြည့်သည်။
"အချောသတ်ပြီးပြီဆိုတော့.. ဒါအကောင်းဆုံးဆိုတာသေချာပြီဆိုတဲ့သဘောပေါ့.. အဲ့လိုလား"
"ဟို.. ဟို.. အဲ့ဒါကလေ.. ဟို.. ဒါရိုက်တာဂျွန်.. မကြိုက်တာတို့.. ပြင်စေချင်တာတို့ရှိတယ်ဆိုရင်ပြော.. "
"ဘယ်လိုလုပ်သိမှာလဲ.. ကျွန်တော်ကခေါင်းစဥ်ပဲဖတ်ရသေးတာကို"
ဌာနမှူးဟန်ကတော့ကပျာကယာဖြင့်ဖြေရှင်းချက်ဝင်ပေးပေမယ့်ဒေါသတွေကိုကျိတ်မျိုသိပ်နေရတဲ့မန်နေဂျာဘတ်ကတော့စကားတစ်ခွန်းမှဝင်မပြောဘဲပါးစပ်ကိုတင်းတင်းစေ့၍သာရပ်နေ၏။
"ဒါပေမယ့်.. ပုံစံတွေကြည့်ရတာတော့ယုံကြည်ချက်မရှိကြတဲ့ပုံပဲ။ မသေချာဘဲနဲ့.. အချောသတ်ဆိုတဲ့စကားမျိုးသုံးနှုန်းတာ ပိုတယ်လို့မထင်ဘူးလား.. မန်နေဂျာဘတ်"
"တောင်းပန်ပါတယ်.. ကျွန်တော်နောက်တစ်ခါပြန်လုပ်လိုက်ပါမယ်"
"သေချာတာပေါ့.. အစအဆုံးကိုပြန်လုပ်သင့်တာ။ မနှစ်ကလုပ်ခဲ့တဲ့ charity event ကိုပဲခေါင်းစဥ်ပြောင်းပြီးလာရောချတာကိုကျွန်တော်သတိထားမိမှာမဟုတ်ဘူးလို့ထင်နေတာလား။ ဘာလဲ.. ကျွန်တော်ကခင်ဗျားတို့ဘာလာတင်ပြ,တင်ပြမျက်စိမှိတ်ပြီးလက်မှတ်ထိုးပေးမယ့်ခပ်ညံ့ညံ့အလုပ်ရှင်ပေါ့.. အဲ့လိုလား"
YOU ARE READING
Tie the Knot (✔️)