~ကျွီ~
ခပ်ဟဟပွင့်လာသည့်တံခါးကြားမှလှစ်ခနဲပြူထွက်လာတဲ့ခေါင်းသေးသေးလုံးလုံးလေးဟာ မဝံ့မရဲ.. သို့ပေမယ့်.. မငြိမ်သက်.. လှုပ်လီလှုပ်လဲ့ဖြင့် ဘယ်တစ်လှည့်၊ ညာတစ်လှည့် ဆတ်ခနဲ, ဆတ်ခနဲယမ်းခါနေ၏။ ခေါင်းလေးကိုဘယ်ညာတစ်ချက်စီယိမ်းလိုက်တိုင်းဝေ့ခါသွားတဲ့ဆံပင်ညိုညိုကောက်ကောက်လေးတွေဟာလည်း ပုစွန်ဆီရောင်ကောင်းကင်ကြီးကိုနောက်ခံထားလျက်လွတ်လပ်စွာပျံသန်းနေကြတဲ့ပျံလွှားငှက်ကလေးများသဖွယ်..
"ဒါ.. ဘာလုပ်နေတာလဲ"
"အမလေး!"
အနားမှာကပ်ပြီးပေါ်လာတဲ့အသံကြောင့်ဆော့ဂျင်လန့်ဖျတ်အော်မိရင်းနောက်သို့ချာခနဲလှည့်ကြည့်လိုက်တော့သူရင်ဆိုင်လိုက်ရတာက.. ပြုံးစစမျက်နှာနဲ့ထိုလူသား။ ဘယ်နှစ်ကြိမ်မှန်းရေတွက်လို့မရအောင်လွင့်ရပြန်ပြီ.. သူ့လိပ်ပြာ။ ဒီလူကြောင့်သူ့ရဲ့လိပ်ပြာလေးလည်းဒီနေ့တနေကုန်.. နားချိန်တောင်မရှိဘဲလွင့်လိုက်ရတာဆိုတာ.. သနားစရာတောင်အတော်ကောင်းနေပြီ။
"ဘာလုပ်ရမှာလဲ။ မမြင်ဘူးလား.. ချောင်းနေတာပေါ့"
ရင်ဘတ်လေးကိုလက်နှစ်ဖက်ဖြင့်ဖိကာမကျေနပ်သံလေးဖြင့်သူပြောလိုက်တော့...
"ကိုယ်တစ်ယောက်လုံးမင်းအနားမှာရှိနေတာကိုမင်းကဘယ်သူ့ကိုချောင်းနေတာလဲလို့။ဘာလဲ..မာရသွန်ပြေးဖို့ကြံနေတာလား။ ပြေးလည်းအပိုပဲနော်.. မင်းရဲ့.. စမှတ်.. ဆုံးမှတ်.. နှစ်ခုစလုံးကကိုယ်ပဲမို့... ဘယ်လောက်ပြေး,ပြေးအချိန်တန်ရင်ကိုယ့်ဆီပဲရောက်လာမှာ"
မျက်ခုံးတစ်ဖက်ကိုပင့်ကာကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲနေသောမျက်နှာထားဖြင့် ခပ်မြူးမြူး၊ ခပ်ရွှတ်ရွှတ်ထိုအပြောကိုဆော့ဂျင်မျက်စောင်းတစ်ချက်ခဲရင်းသာတုံ့ပြန်လိုက်သည်။
"ချောင်းရမှာပေါ့.. ကျွန်တော်တို့နှစ်ယောက်အတူတူရုံးဆင်းတာကိုတခြားဝန်ထမ်းတွေမြင်သွားရင်ဘယ်လိုလုပ်မလဲ"
"အဟင်း... မြင်တော့ဘာဖြစ်လဲ.. မနက်ကလည်းအလုပ်အတူတူလာတာကိုသူတို့အကုန်မြင်တာပဲ"
VOUS LISEZ
Tie the Knot (✔️)