ဒီလူ သူ့အခန်းထဲဆို ပစ္စည်းတွေဟိုထားသည်ထားနှင့် အရမ်းကြီးအနေအထိုင်စုတ်ပြတ်နေသည်မဟုတ်သော်လည်း ဒီလောက်တော့သပ်ရပ်မနေ။ခုမှ ပြုပြုသမျှတွေ နုယွသပ်ရပ်နေသူကြောင့် ကိုယ့်မှာ အံ့အံ့ဩဩ။စောင့်အိပ်ပေးတာကိုလည်း ထူးဆန်းတယ် ၊ဒီလိုတွေလုပ်ပေးနေတာကိုလည်း သဘောကျတယ်။အနားမှာ ဒီလူရှိနေ၍ ပိုသဘောကျပါသည်။ဒဏ်ရာရသည်ကိုပဲ ပြေးကျေးဇူးတင်ရ မလိုလိုနှင့် ။

မျက်နှာဖူးဖူးလေးက ကိုယ့်ကိုကလေးတစ်ယောက်သဖွယ် အစအဆုံးလိုက်လုပ်ပေးနေကာ လုပ်နေကျအရာတွေလို လူအထင်ကြီးအောင် အတင်းလုပ်ပြနေသောကြောင့် ကိုယ့်မှာ မဟားတရားသဘောကျနေသလို တစ်ဆက်တည်းမှာပဲ ရယ်ချင်သလိုလို။သို့သော် မရယ်ရက်သည့်အပြင် ဒီလူစေရာ အကုန်လိုက်နာနေရတဲ့ သံပတ်ရုပ်လို စနစ်သွင်းပြီးသား
ရောင်းရန်အသင့်ရှိနေသည့် အရာလို။

"မင်းလက်က..စားနိုင်ရဲ့လား ဇွန်းမကိုင်နိုင်ရင်.. ငါကျွေးပေးမယ်လေ.."

"အင်း...ခင်ဗျားခွံ့ကျွေးရင် ကောင်းမှာ.."

အမှန်တကယ်ပင် ဇွန်းတောင်မကိုင်နိုင်ကြောင်း ပတ်တီးအဖွေးသားနဲ့ လက်ကို မြှောက်ကာ ပိုပိုသာသာ ပြောတော့...

"မင်း..ကိုင်နိုင်ရဲ့သားနဲ့ တမင်လုပ်နေတာမလား...ပြစမ်း"

"အ!...နာတယ် "

"ဟင်...တကယ်။နာသွားတာလား"

ဒီလူတော့ တမင်လုပ်နေတာလားဆိုပြီး လက်ကိုလာဖိပစ်တယ်။အရိုးကျိုးသွားသည် မဟုတ်သော်လည်း ခုမှ လက်လက်ဆက်ဆက်ကြီးဆိုတော့ စပ်သွားရတယ်။ဟိုတနေ့ကမှ ဒီလူကြောင့် လက်ကခိုင်တာမဟုတ် ယခုကိစ္စကြောင့် ကျိုးမသွားတာကံကောင်း။လက်ကို ခနခနလာထိခိုက်နေသူကြောင့် ပေးထားတဲ့ အိန်ဂျယ်ရာထူးတောင် ပြန်ချချင်လာရသည်။စေတနာကမ်းပိုတာတွေက ကိုယ်မှတပါး အခြားသူတွေအပေါ် အကုန်စွန့်ကြဲသည်လား မသိ။

"ကျုပ် တကယ်ပြောတာ ..လက်က နာတာမပျောက်သေးဘူး...ခေါင်းကလဲ မူးနေလို့ ဇွန်းတောင် အနိုင်နိုင် တကယ် ကိုင်နိုင်တာမဟုတ်ဘူး..။အင်း..ဖိုးထောင်ရှိရင်တော့  ဒီလိုတွေ ပြောနေရမှာ မဟုတ်ဘူး ခွံ့ကျွေးနေလောက်ပြီ.."

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Tempat cerita menjadi hidup. Temukan sekarang