ကိုမြင့်နိုင်တစ်ယောက်လဲ ရပ်ကြည့်နေရာမှ ပြာပြာသလဲ ၀င်တွဲပေးသည်။

"ကိုကြီးလက်ရုံး..ရတယ်မလားဗျ..လက်လဲနာသွားသေးတာလား.."

"အင်း..နဲနဲပါ ငါရတယ် "

တစ်ချက်တစ်ချက် ခေါင်းက ဆစ်ခနဲဆစ်ခနဲ ဖြစ်ဖြစ်သွားပြီ မူးဝေနေသော်လည်း အားတင်းကာ လျှောက်နေမိသည်။

စာရင်းငုံ့စစ်နေစဉ် ကျလာသောအရာကြောင့် ပြင်ဆင်ချိန်မရလိုက်။ကြုံနေကျ အရာမဟုတ်၍လည်း သတိမမူမိလိုက်တာ။အချိန်ခနလေးအတွင်း ရုတ်တရတ်ကြီးဖြစ်သွားတော့ ကာကွယ်ချိန်တောင် မရလိုက်ပေ။

မှတ်မိသလောက်ဆို အပေါ်မှာ ဘာပစ္စည်းမှရှိမနေသလို ဘယ်သူမှလဲတတ်ထားတာမျိုးမရှိ။ခုမှ ဘယ်လိုခြေထောက်ပေါက်ပြီး အပေါ်တတ်ကာ ပြုတ်ကျလာသည်မသိပေ။ခေါင်းက ရီဝေဝေ ဖြစ်နေသည့်အတွက် ကြာကြာပင် မစဉ်းစားနိုင်။

"ကိုကြီးလက်ရုံး..ဖြေးဖြေး ရတယ်မလားဗျ.."

ဖိုးထောင်လဲ ကိုကြီးလက်ရုံးကို ကားထဲအသာသွင်းပေးကာ ၀င်ထိုင်ရသည်။

"ရတယ်.."

"ကဲ ..မြင့်နိုင် မင်းလဲလိုက်ခဲ့ ..ကားဆရာမောင်းလို့ရပီ .."

ကားမောင်းတတ်သည့်ကိုမိုးဇော်မရှိသော်လည်း ကားဆရာပစ္စည်းသွားမပို့သေးသည့်အတွက် တော်သေးသည်။

ဖိုးထောင်နဲ့အတူ ကိုဘလှ နှင့် ကိုမြင့်နိုင်ကပါ ဆေးရုံကို အဖော်လိုက်ပေးကြသည်။ဖိုးထောင်တစ်ယောက်တည်းဆို တစ်ခါမှမကြုံဘူးသောကြောင့် ချည်ခင်အစရှာမရသလို ဘာလုပ်လို့ ဘာလုပ်ရမှန်းကို သိမှာမဟုတ်ပေ။

...
...

"လူနာ..ခေါင်းက များများစားစား မူးဝေနေတာမျိုး ရှိသေးလား.."

"အရမ်းမမူးတော့ပါဘူး ဆရာ"

"လက်ရော ကိုက်နေတာမျိုးဖြစ်လား.."

"ခုတော့ မကိုက်သေးပါဘူးဗျ.."

"လူနာကို တိုက်ဖို့ဆေးစာရင်း ရေးပေးလိုက်ပါ.."

"ဟုတ်ကဲ့..ဆရာ"

စိုးရိမ်ရသည့် အခေုအနေမဟုတ်သော်လည်း ခေါင်းကချုပ်လိုက်ရတာဖြစ်သည်။ဒေါက်တာက ပြန်မထွက်သေးခင် အသေးစိတ်ကအစ မေးမြန်းပြီး ပါလာသည့်နာ့စ်လေးအား ဆေးတွေပေးရန်ပြောသည်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now