Part (11) Uni/Zawgyi

Start from the beginning
                                    

"ဘာတွေများမေ့နေတာလဲ ခင်သက်ရေ အန်တီ့Dressတွေမေ့နေတာဆိုလို့ကတော့စိတ်ဆိုးလိုက်မှာနော်"

ခင်သက်တို့ပြောဆိုနေကြတုန်းမှာပဲ အသားဖွေးဖွေးစကားဝဲဝဲနဲ့ချောပေ့လှပေ့ရှမ်းမကြီး ဒေါ်မိုးခမ်းဝါကခင်သက်ကိုစနောက်ရင်းရောက်လာခဲ့သည်။

"အန်တီမိုးခမ်းကလည်း ခင်သက်မမေ့ပါဘူး Dressတွေကပြီးသွားတာအရင်လကတည်းကပါနော် အန်တီမိုးခမ်းကသာခင်သက်ဆီကိုဖုန်းမဆက်တာကြာပေါ့"

ခက်သက်ဟာ ထောင်ထောင်မောင်းမောင်းနဲ့ အရွယ်တင်သော ငယ်ငယ်ကတည်းက အမေလိုအဒေါ်လိုခင်ခဲ့ရတဲ့ဒေါ်မိုးခမ်းဝါရဲ့လက်ကိုတွဲချိတ်ပြီးချွဲနွဲ့လိုက်ပါသည်။

"အန်တီက သမီးမအားဘူးထင်လို့လေ မိခင်သက်ကအလုပ်ဘယ်လောက်ရှုပ်လဲဆိုတာ ညည်းအမေပြောတာနဲ့တင်သိနေပါပြီအေ သူ့ဆီတောင်မလာအားဘူးတဲ့ "

"အန်တီမိုးခမ်းနဲ့မေမေတို့ကခင်သက်အတင်းတုပ်နေကြတာပေါ့ ဟုတ်တော့ဟုတ်ပါတယ်ခင်သက်ကလည်းမေမေ့ဆီတောင်မရောက်ဖြစ်ဘူး တစ်နေ့တစ်နေ့အိမ်နဲ့ဆိုင်ပဲပြေးနေရတာ"

"ယောက်ျားအနားတော့ ကပ်အားတယ်မလား "

အန်တီမိုးခမ်းက သူ့လက်ကိုချိတ်ထားတဲ့ခင်သက်လက်ကိုဖိကိုင်ပြီးအရွှန်းဖောက်ပြောတော့ ခင်သက်မှာပြန်ပြောစရာမရှိ။ ဟန်ဆောင်ပြီးခပ်တိုးတိုးရယ်လိုက်ရင်းပန်းအိအားဒေါ်မိုးခမ်းဝါအတွက်Dressတွေကိုထုတ်လာဖို့ပြောလိုက်သည်။

Dress ၅ထည်လုံးကို သေချာဝတ်ကြည့်ပြီးပြင်ဆင်စရာမရှိဘူးဆိုကာ ဒေါ်မိုးခမ်းဝါကစိတ်တိုင်းကျကျနဲ့သူ့ Driver လာခေါ်တာကိုစောင့်ပြီးပြန်သွားပါသည်။

အန်တီမိုးခမ်းတစ်ယောက်နဲ့တင်နေ့လည်ထမင်းစားချိန်လွန်သွားတာကြောင့်ပန်းအိတို့နှင်းဆုတို့လည်းအခြားဝန်ထမ်းတွေနောက်မှထမင်းသွားစားကြရသည်။ ခင်သက်ကတော့ တကယ်လို့ညနေပိုင်း မှုံနံ့သာကသာ တကယ်Dress ထပ်အပ်ခဲ့ပါလျှင် Deadline မှီပါ့မလား ဒီကြားထဲဘယ်သူတွေကိုလက်ခံထားမိသေးသလဲဆိုတာ စာရင်းပြန်ကြည့်နေ၏။

ထို့နောက်ဒီညနေရော နေပိုင်ထွဋ်မနေ့ကစိန်ခေါ်ခဲ့သလို ညစာအတူစားဖို့ငြင်းရဲငြင်းကြည့်ဆိုတဲ့အတိုင်း ဘယ်သူနဲ့သွားစားရမလဲစဥ်းစားရင်း ယမင်းကိုဖုန်းဆက်တော့ အဲ့ဒီသတင်းထောက်မကမအားဘူးတဲ့လေ။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now