ဒီကောင်လေး ဆံပင်တွေတောင် ရှည်နေပြီ။နှိုင်းကိုသာ လိုက်ဆူပူနေတတ်တာ သူကျ ဘာတစ်ခုမှ ဂရုမစိုက်။တော်သေးတာပေါ့ သမရိုးကျ နေလည်း ရုပ်ခံလေးရှိတော့ တင့်တယ်‌‌နေသည်လေ။မဟုတ်ရင် ပုဆိုးကွက်စိတ်လေး၊အကျီလက်ရှည်လေးကို အမြဲခေါက်၀တ်တတ်တဲ့ ဒီကောင်လေးက ရုပ်ဆိုးလေးနေမှာ။

ရှုပ်ထွေးနေသော ဆံနွယ်လေးတွေပေါ် လက်တင်မည်အပြု နှိုင်းလက်ကို လာဆွဲတဲ့ သန်မာတဲ့လက်‌တစ်စုံ ....

"ဟင်.... မင်း "

"ခင်ဗျား ကျုပ်ကို ဘယ်ချိန်ထိ ဆက်ကလိနေမှာလဲ... "

"ဟို... ငါ ဘာမှမလုပ်ပါဘူး... မင်းဆံပင်တွေရှုပ်နေလို့.. လုပ်ပေးမလို့ "

ဒီလူတော့ အိပ်ယာထဲကလူက ဆံပင်က ရှုပ်နေမှာပေါ့။ဇာတ်ကားတွေထဲကလို မိတ်ကပ်လိမ်းပြီး အိပ်ယာပေါ် တတ်အိပ်နေရင်တော့ တစ်မျိုးပေါ့။ခုက တကယ်အိပ်နေတာလေ။အမြဲမေးလိုက်ရင် ယောင်နနမို့ တမင်ကျပ်လိုက်တာ ထင်သလိုပဲ...

ရင်ခွင်ထဲက ဒီဂွမ်းလုံးလေး လှုပ်စိလှုပ်စိ ဖြစ်နေကတည်းက နိုးနေတာ။ဘာဆက်လုပ်မလဲ စောင့်ကြည့်ချင်လို့ တမင်မသိဟန်ဆောင်နေတာ။အဲ့ လက်နုနုရွရွလေးတွေနဲ့ မျက်နှာကို ဖွဖွလေး လာကိုင်ကြည့်နေသူကြောင့် ယားလာရသည်မို့ ဆက်ဟန်ဆောင်၍ မရတော့။

သူပြောချင်ရာပြောပြီး ရင်ခွင်ထဲက အတင်းရုန်းပြီး ကုတင်အောက်ကို ဖားသားပေါက်ကလေးလို ခုန်ဆင်းတယ်။ဆောင်တွေပါ ကန်ချခဲ့‌သေးတာ။ညက ရင်ခွင်ထဲ ဘောလုံး‌လို လိမ့်ချလာသည်မှာ သူမဟုတ်သလို။

"ဟို...ညက မင်းလာကြိုပေးခဲ့တာမလား...
ကျေးဇူးပဲ.."

"အင်း..ဟုတ်တယ် ကျုပ်လာကြိုတာ မှတ်မိသားပဲ.."

"ငါ အဲ့လောက်မမူးပါဘူး.."

ကုတင်ဘေးကနေ ဆိုင်ဆိုင်ကြီး အဲ့လောက်မမူးပါဘူးဆိုနေသူကို စချင်သောကြောင့် အောက်ဆင်းပြီး....

"အကုန်မှတ်မိတယ်ပေါ့..."

"ဟို အကုန်တော့မဟုတ်ပေမဲ့...မင်းလာကြိုတယ်
ပြီးတော့ အိမ်ရောက်လာတယ် ..ဒါပဲလေ အာ့ကြောင့်ငါအိမ်ပြန်ရောက်နေတာပေါ့..ဒါပေမဲ့ မင်းက ဘာလို့ ငါ့အခန်းထဲ.."

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now