Part - 21 ( Zg + Uni)

Start from the beginning
                                    

🎼🎼.တစ်ခါတစ်လေ နင့်ကို ငါ မုန်းတယ်
လူတွေ နင့် အကြောင်းမေးရင်လေ ....
နာကျင်စွာငါ ခေါင်းယမ်းမိပါတယ် 🎵🎵

ခေါ်လာသော မိုးပုလဲ ဆိုတဲ့ နံပါတ်ကြောင့်
သား ကိုင်သင့်မကိုင်သင့် စဉ်းစားနေမိသည်။

ဒါပေမဲ့ သား မကိုင်ရင် သား က သူ့ကို
ကြောက်နေတယ်လို့ ထင်သွားမှာစိုးတာကြောင့်
သား ကိုင်လိုက်သည်။

" ဟဲလို... မေသွေးခြယ် နင်​ အရမ်းဝမ်းနည်းသွား
လားဟင်.... .ဆောရီးပါနော် ငါ စိတ်မကောင်း
ပါဘူး နင့် ဒယ်ဒီ ကို ငါ ခေါ်ထားလိုက်မိတဲ့အတွက်
ဒါပေမဲ့ နင် သိလား နင့် ဒယ်ဒီ ကို ငါ ပြောပါတယ်
နင့်ဆီပဲ သွားလိုက်ပါလို့... အဲ့ဒါကိုလေ
နင့် ဒယ်ဒီ က နားမထောင်ဘူး ငါ့ အတွက် မွေးနေ့လုပ်ပေးတယ်လေ "

ဖုန်းထဲကနေ သား ကို လှောင်နေသော မိုးပုလဲ
ကြောင့် လူက ဒေါသတွေ ထွက်လာရသည်။
အနားသာ ရှိရင် ဒီကောင်မ သား လက်စာ
ကြောင့် ပါးတွေ နီရဲနေလောက်ပြီ။

" ငါ တောင်းပန်ပါတယ်နော် မေသွေးခြယ်
နင့် ဒယ်ဒီ ကို ခေါ်ထားလိုက်မိတဲ့အတွက် ...
ငါ့ ကို စိတ်မဆိုးရဘူးနော် ဟီးဟီး "

" တော်စမ်းပါ မိုးပုလဲ...!! ! နင့် အကြံကို
ငါ မသိဘူးမှန်း ထင်နေတာလား... ?
အခု နင် ဖုန်းဆက်လာတာက ငါ ဝမ်းနည်း
မနည်းကို သိချင်လို့ မလား....? 
နင့် အကြံကို ငါ မသိရင် ကောင်းမယ်
ဒီမှာ မှတ်ထားလိုက် မိုးပုလဲ
မေသွေးခြယ် ဆိုတဲ့ ငါ့က တော်ရုံတန်ရုံ
ဝမ်းမနည်းတတ်ဘူး.... အရှင်းဆုံး ပြောမယ်
ငါ မျက်ရည်ကျတာကိုတောင် နင် မြင်ဖူးရဲ့လား
ဒါကြောင့် အပိုတွေ လုပ်မနေနဲ့.... နင်
ဘယ်လောက်လုပ်လုပ် ငါ ဝမ်းနည်းမှာ
မဟုတ်ဘူး ဒါပေမဲ့ တစ်ခုတော့ ရှိတယ်
ဒယ်ဒီ ကို ငါ့ ဆီ မလာအောင် တားခဲ့တဲ့
နင့်ကို ငါ ပညာပေးပြမယ် ....ဒီအတွက်
နင် ခံနိုင်ရည်ရှိဖို့သာ ပြင်ထား မိန်းမယုတ်မ "

" အိုကေလေ ငါ ကြည့်မယ်လေ နင် ငါ့ကို
ဘယ်လိုလုပ်မလဲဆိုတာ... ဒါနဲ့ မေသွေးခြယ်
နင် သိလား နင့်က တော်ရုံ ဝမ်းမနည်းတတ်တဲ့
သူဆို ငါ့ကလည်း တော်ရုံ ကြောက်တတ်တဲ့လူ
မဟုတ်ဘူး  .....ငါ့ အထင် နင့်ကသာ
ငါ lesson ပေးမှုတွေအောက် ဝမ်းနည်းနေမှာ
မြင်ယောင်သေးတယ်.....ဟားဟား....ဟားဟား "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now