"အမလေး ကယ်တင်ရှင်လေး လာလာ
ဒီမယ် မင်းကောင်က မှောက်နေပြီ.."

သာလွန်လဲ ခုမှ အသက်ရှုရှောင်သည်..

"ဟို..မနေခြည် လက်ရုံးလဲရောက်လာပြီဆိုတော့
သူနဲ့ပဲ ပြန်ထည့်လိုက်တော့မယ် မနေခြည် ဒုက္ခခံစရာ မလိုတော့ပါဘူးဗျ.."

"အိုကေလေ ..ဒါဆိုလဲ တို့သွားပြီ"

လိုလိုလားလား လက်ခံလိုက်တာလား၊စိတ်ထဲကရော ပါလားမသိ။ကိုယ်ကတော့ လှည့်ထွက်သွားတဲ့ မနေခြည်ရဲ့ ခပ်ပြင်းပြင်း ဒေါက်ဖိနပ်သံ တစ်ချက်တိုင်းမှာ တခါပါးအရိုက်ရသလို စပ်ဖျင်းဖျင်းနဲ့။

"ခင်ဗျား..ထတော့လေ..အိမ်ပြန်မယ်"

လက်ရုံးလဲ ခုံပေါ် လက်လေးတင်မှောက်အိပ်နေတဲ့ ငမူးလေးကို နှိုးရသည်။ဘယ်လောက်သောက်ထားလဲ မသိ ဘေးတစောင်းမြင်နေရတဲ့ ပါးမို့မို့လေးတွေများ ရဲတွတ်လို့..

"ဟင်..ဘယ်သူလဲ
မပြန်သေးဘူး..အိပ်အုံးမှာ.."

ဒီလူတော့ ကိုယ့်အိမ်ကိုယ့်ယာများမှတ်လို့ အိပ်ရအောင်။တကယ် ငမွှေထိုးလေး။

ပြန်အိပ်မယ်လုပ်နေတဲ့ လူကို လက်မောင်းလေးကနေ ဖွဖွလေး ဆွဲထူတော့ လက်သေးသေးလေးတွေနဲ့ ကိုယ့်လက်ကို ဖယ်ချကာ..

"အိပ်အုံးမှာပါဆို..ဘယ်သူမို့ လာခေါ်နေရတာလဲ"

တကယ် ဒီမူးနေတဲ့ ငဂျစ်လေးကိုတော့ ဘယ်လိုချော့ခေါ်ရမလဲမသိ။ကလေးလိုလဲ မုန့်ပြပြီးလဲ ခေါ်လို့မရ။

"ဘယ်သူဖြစ်ဖြစ် ခင်ဗျား ဒီမှာအိပ်လို့မရဘူး.. လာထ အိမ်ပြန်မယ်.."

"ဟင်..လက်ရုံးလား..ငါ့ကို လာခေါ်တာလား"

သိချင်တော့လဲ ဘာမှမဟုတ်ပဲ ကိုယ့်ကိုကောက်သိနေလိုက်သည်။သူ့ကိုလာခေါ်တာလားဆိုပြီး နှုတ်ခမ်းလေး တထော်ထော်နဲ့ မော့ပြီး မေးနေပြန်သည်။

"အင်း ..ဟုတ်တယ် ကျုပ်ပဲ"

"မင်း..က..အိမ်မှာမရှိဘူးလေ"

"ဒီမှာရှိလို့ပဲ ရောက်နေပြီလေ..
ရစ်မနေနဲ့ မဟုတ်ရင် ကျုပ်ကထမ်းခေါ်သွားတော့မှာ.."

လူအကောင်လိုက် သူ့ရှေ့ရောက်နေသည်ကိုပင် လက်ညိုးတထိုးထိုးနဲ့ ကိုယ်မဟုတ်ပါဘူး လုပ်နေပြန်သည်။ငမူးလေးဆိုတော့ စကားတွေကလဲ အစဉ်မချော။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon