"အင်း ဒါဆိုရင် အစီအစဉ္အတိုင်းဆက်သွားရတာပေါ့"

မနက် ၃နာရီလောက်လူစုပြီးတော့ အရောင်းအဝယ်ကိစ္စလုပ်ရန်ထွက်လာကြသည်။မူဆယ် တရုတ်နယ်စပ် တောင်ကြောတစ်နေရာ ကားသွားလို့ရတဲ့နေရာထိ သွားပြီး တောထဲကိုပစ္စည်းတွေသယ်ကာ ချိန်းထားတဲ့နေရာသို့  တောနင်းဝင်ခဲ့သည်။ကြိုရောက်နေတဲ့ တရုတ်ပဲွစားနဲ့ စျေးညိှပြီး ပစ္စည်းဖလှယ်ကာ သူတို့နားနေကြအိမ်ကိုပြန်လာကြသည်။အကုန်လုံးကို အနားယူကာအားမွေးခိုင်းပြီး  ညကြမှမုန်တိုင်းတို့အဖဲွ့ဲွ့နဲ့ထိပ်တိုက်တွေ့မည်ဖြစ်သည်။မကိုင်တာကြာပြီးဖြစ်တဲ့ အမဲလိုက်သေနတ်ကို ထုတ်ကာအောက်ဆင်းလာတော့  အမှုှုန့်ကို ဒေါ်လာ ၁၀၀ တန်ကိုလိပ်ကာ ရူနေတဲ့ခွန်ကြောင့် သူပြုံးမိသွားသည်။

"ဘယ်လဲမဟာ "

"ဒီနား တောကောင်ပစ်ပြီး လက်ရည်သွေးမလို့"

"အင်းငါနဲ့ရန်နိုင်လဲ လိုက်မယ်လေ"

"မင်းက  လိုက်နိုင်လို့လား အရှိန်တက်နေတာကို  ရန်နိုင်ကအိပ်နေလောက်တယ်"

"ငါဖြစ်တယ်  ဆေးကိုမွေးကထဲက သုံးလာတဲ့အကောင်ပါကွာ ခုကယင်းထလို့ နည်းနည်းပဲသုံးတာ ခနစောင့် သေနတ်ယူယုံပဲ ဟိုကောင်လဲခေါ်မယ်"

"အင်း"

ဆိုပြီး ထိုခုံမှာထိုင်ကာ စီးကရက်တစ်လိပ်ကို
နှုတ်ခမ်းမှာတေ့ပြီး  ခွန်လိပ်ရှုနေတဲ့ဒေါ်လာအလိပ်ကလေးကိုသာကောက်ပြီး မီးရှို့ကာမီးညိှလိုက်သည်။ခနနေတော့ နှစ်ယောက်သား ဆင်းလာတာမို့ တောထဲထွက်လာခဲ့သည်။သူတို့၃ယောက်မှာ  ရန်နိုင်အဖေကြောင့် သေနတ်ဆိုတာမစိမ်းသက်ပဲ  ငယ်ကတည်းက အပျော်တမ်းပစ်နေကြ နောက်သူတို့ စိတ်ချရတော့မှ ရန်နိုင်အဖေက သူလုပ်ငန်းထဲ ဆဲွသွင်းကာ သင်ပေးခဲ့သည်။စလုပ်ကာစကတော့ သူတို့နည်းနည်းအခက်အခဲရှိပေမဲ့ သူတို့ကိုယ်တိုင်နယ်စပ်ဘက်ဆင်း အရောင်းာင်းအဝယ်လုပ် တချို့မူးယစ်ရာဇာတွေအကောက်ကြံလို့ သူတို့ခံရတာတွေရှိသလို သူတို့ကအရင်င်ဆော်ပစ်တာမျိုးရှိသည်။အထူးအဖြင့် လက်နက်အရောင်းာင်းအဝယ်ဆိုရင် မူဆယ် အာဏာပိုင်တွေကိုအပိုင်ကိုင်ထားရသည်ည်။ခုတော့  သူတို့ရောက်နေကြောင်း  ကိုအသိမခံဘဲ  ထုံးစံအတိုင်း သူလူတွေအရောင်းာင်းအဝယ်လုပ်တဲ့အတိုင်းထားရသည်ည်။ဟိုကောင် မုန့်တိုင်းကို အသေသတ်မှာမို့  သူတို့လက်ချက် မှန်းမသိစေရန်ဖြစ်သည်။သူဖခင်  ရဲ့ သိက္ခာကြောင့် သူများနယ်မြေမှာ သူအဖမ်းမ်းခံလို့မဖြစ်ပေ။သူတို့စိတ်ကြိုက်တောကောင်တစ်ကောင်စီဖမ်းပြီး ပြန်လာခဲ့သည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now