အပြောက ရွှေမန်း။ပြောလိုက်ရင် လူနဲ့မှမလိုက် လေလုံးထွားလွန်းတဲ့ ဖိုးထောင်ကို ယှဉ်မပြောချင်တော့။
"ကဲပါ ..မလဲချင်လဲ မလဲနဲ့တော့
ဟိုလူရော ဆင်းမလာသေးဘူးလား.."မနက်က အရင်နိုးလာလို့ တော်သေးသည်။မဟုတ်ရင် တစ်ညလုံး ရင်ခွင်ထဲ၀င်အိပ်နေသူက ရန်ထောင်နေအုံးမည်လေ။
လက်ရုံးမှာတော့ တစ်ညလုံးလက်မောင်းပေါ် သိပ်ထားရ၍ သွေးမလျှောက်တော့။ထုံကျင်နေသော်လည်း အိပ်စက်ပျက်သွားမည်စိုး၍ မလှုပ်ရဲ။ဒါတောင် ထခါနီး အတင်းတွယ်ကပ်ပြီး ခွထားသောကြောင့် မနည်းခွာချခဲ့ရသည်။"ကိုကြီးနှိုင်းတုလား ..ခနနေ ဆင်းလာခဲ့မယ်တဲ့"
"ဂွတိုကရော.."
အခန်းထဲပြန်ရောက်တော့လဲ ဒီနှစ်ယောက်ကို ရေပက်မနှိုးရရုံ တမယ်။ကုတင်ပေါ်လဲ တောင်တစ်ယောက် မြောက်တစ်ယောက်နဲ့ ကန့်လန့်။
"ဂွတိုလား ကျွန်တော်နဲ့တူတူဆင်းလာတာကို ..ဘယ်ရောက်.."
"ကျွန်တော်မျိုးကို ခေါ်တော်မူနေတာလားဗျ..
ဟဲဟဲ..."သူ့အကြောင်းပြောနေတုန်းရှိသေး ဘယ်ကြားထဲက ထွက်လာမှန်းမသိ ပြဇာက်က ခင်းနေသေးသည်။
ဖြောင်း!
"ဟ..ကိုကြီးဖိုးထောင် ကျွန်တော့်ကို ဘာလို့ရိုက်တာလဲဗျ.."
"ချစ်လို့ရိုက်တာလေ.."
"ချစ်ရင် ရိုက်စရာလားဗျာ .."
"ဆန်ရင်းနာနာဖွပ်တဲ့ မင်းမကြားဖူးဘူးလား..
ကိုယ့်ညီလေး မလို့ ချစ်လို့ ဆုံးမတာ ""ကြား ကြားဖူးပါဘူးဗျာ ..ဆုံးမရအောင် ကျွန်တော်လဲဘာမှမလုပ်ပဲနဲ့ဗျာ.."
"အရင်ကမကြားဖူးရင် ခုကြားဖူးလိုက်တော့ ..ငါနဲ့အတူဆင်းလာတာကို မင်းကဘယ်တွေသွားနေတာလဲ တန်းမတွေ့လို့ အပြစ်ပေးတာ ..ကိုကြီးနှိုင်းတုရော ဆင်းလာပီလား.."
"ကျွန်တော်ကဘယ်သိမလဲဗျ ကိုကြီးဖိုးထောင်တို့နဲ့ တူတူဆင်းလာတာကို ..ဘာမှန်းမသိဘူး ကားပေါ်တတ်တာပဲကောင်းတယ်.."
ဘလိုင်းကြီး အဗျင်းခံလိုက်ရသော ဂွတိုကတော့ ဘေးလွတ်ရာ ရှောင်ပြေးပြီး ကားပေါ်တတ်သွားလေပြီ။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"