Part - 14 ( Zg + Uni)

Start from the beginning
                                    

သား မေးခွန်းကို ဖြေပြီးတာနဲ့ သူ့က သား ရှေ့ကနေ
ထွက်သွားခဲ့သည်။ ဒီရက်တွေမှာ သား သူ့ကို
ရှောင်နေလို့ သူ့ကလည်း သားကို ပြန်ရှောင်
နေလေသည်။

**************************

" Mom ကလည်း Mom ပါ လိုက်ခဲ့လေ "

" မာမီ က အသက်ကြီးနေပါပြီ မီးငယ်လေးရယ်
မီးငယ်လေးသာ သားခြံရံ နဲ့ ဟန်နီးမွန်းမှာ
ပျော်အောင်နေနော် "

" ကြီးဆွေ.... ကြီးဆွေ လည်း လိုက်ခဲ့ပါလားဟင်​ "

" လိုက်လို့ မရပါဘူး မီးငယ်လေး ရယ်
ကြီးဆွေ က မမနန်း ကို ထမင်းချက်ကျွေးရအုံးမှာလေ
နောက်ပြီး ကြီးဆွေ လိုက်ရင် ဘယ်သူ့က မမနန်းကို
ချက်ကျွေး​တော့မှာလဲ...???  ဒါ့အပြင် မမနန်း
တစ်ယောက်တည်းလည်း အိမ်မှာ ကျန်နေခဲ့မှာပေါ့ "

" ဟုတ်တယ် မီးငယ်လေး ရေ ကြီးဆွေ က
မာမီ ကို ထမင်းချက်ကျွေးရအုံးမှာလေ
မီးငယ်လေး သာ ကြီးဆွေ ကို ခေါ်သွားရင်
မာမီ ကို ဘယ်သူ့က ချက်ကျွေးတော့မှာလဲ...?? "

" ဒါဆို မဲတူးမ... .မဲတူးမ ကို သား ခေါ်သွားမယ်
Mom နဲ့ ကြီးဆွေ မတားရဘူး
မဟုတ်ရင် Mom နဲ့ ကြီးဆွေကို သား စိတ်ဆိုးမှာ "

နှစ်ယောက်သား ရင်းနှီးသွားအောင် ဟန်နီးမွန်း
ထွက်ခိုင်းပါတယ်ဆိုနေမှ မဲတူးမ ကို မရမက
သား က အဖော်ခေါ်နေတော့ ဒေါ်နန်းအိမ် နဲ့
ကြီးဆွေတို့ ဘာလုပ်ရမှန်းမသိ တော့ပေ။
မဲတူးမ ကိုမလိုက်ခိုင်းရင် စိတ်ဆိုးမယ်
ပြောထားတော့ သူမတို့ နှစ်ယောက် တစ်ယောက်
မျက်နှာ တစ်ယောက် ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။

>>>>>>>>>>>>>>>>

" မီးငယ်လေး ကို ဂရုစိုက်နော် ခြံရံ
မတည့်တာတွေ လျှောက်မစားစေနဲ့
ရေနက်တဲ့ နေရာတွေလည်း မသွားခိုင်းနဲ့
မျက်စိအောက်ကနေလည်း အ​ပျောက်မခံ​စေနဲ့​နော်​ "

" ဟုတ် မာမီ "

" မဲတူးမ မီးငယ်လေး ကို ဂရုစိုက်နော်
ရေနက်တဲ့နေရာတွေ သွားမဆော့စေနဲ့ "

" ဟုတ်ကဲ့ ကြီးကြီးနန်း "

သူ့ကို မှာလိုက်၊  မဲတူးမ ကို မှာလိုက်နဲ့
မာမီ က မေသွေးခြယ် ကို အဖြစ်တွေသည်းနေ
တော့ လူက စိတ် မရှည်ချင်တော့ပေ။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now