Part - 12 (Zg + Uni)

Start from the beginning
                                    

" မင်း လင် ထိတော့ မင်း နာလှချည်လား.....!!! "

" ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ
ဦးလင်းခြံရံ ....သား နဲ့ ကျတော့်နဲ့ က အရမ်း
ချစ်ကြတဲ့ သူငယ်ချင်းတွေ "

" မင်းကို ငါ မပြောဘူး ​ဟေ့​ကောင်
ငါ့ မိန်းမ ကို ငါ ပြောနေတာ.....ဝင်မပါစမ်းနဲ့ 
မဟုတ်ရင် ဒီနေရာမှာတင် မင်း
အသက်ထွက်သွားရလိမ့်မယ် "

" ခင်ဗျား အတော်ရိုင်းတဲ့ လူပဲ.....
သား နင် ဒီလူနဲ့ လုံးဝ လက်မထပ်သင့်ဘူး "

" ခွပ်...ခွပ်...!!!! "

စကားအဆုံး ခြံရံ လက်သီးကို နေထက်
နှစ်ချက်တိတိ ထိုးခံလိုက်ရသည်။

" တော်တော့....!!! ဦးလင်းခြံရံ
ခင်ဗျား တော်တော့....!!! "

နှစ်ချက်ထိုးခံရလို့ နေထက် မှောက်သွားတာကို
နေထက် ပေါ် တက်ခွပြီး ခြံရံ ထပ်ထိုးဖို့ ပြင်​တော့
သား တားလိုက်​လေသည်။

" မင်း တားလိုက်​လို့ ဒီကောင် သက်သာသွားတယ်မှတ်
မဟုတ်ရင် အသေပဲ.....!!!!
လာလိုက်ခဲ့စမ်း ​မေသွေးခြယ်.... အခုချက်ချင်း ငါနဲ့ "

သား လက်ကို သူ့က အကြမ်းပတမ်း ဆွဲခေါ်သွား
တော့ သူ့ နောက်ကို သား လိုက်ပါသွားရသည်။

အလစ်အငိုက်မို့လို့ ထိုးခံလိုက်ရတဲ့ နေထက် မှာလည်း
မြေပြင်ပေါ်ကနေ မနည်းထပြီး ဒေါသတွေ
ထွက်ကာ ကျန်နေခဲ့၏ ။

▄︻̷̿┻̿═━一▄︻̷̿┻̿═━一▄︻̷̿┻̿═━一☜☆☞

" ဘုတ်...."

သား နားမှာ ပန်ထားတဲ့ ဇီဇဝါပန်းကို
ကြမ်းတမ်းစွာ ဖြုတ်ယူပြီး အဝေးကို
လွှင့်ပစ်​လိုက်တော့ သား သူ့ကို ဝါးစားမတတ်
ကြည့်လိုက်မိသည်။ ရင်ထဲမှာလည်း သား
သူငယ်ချင်း နေထက် ကို ထိုးထားတဲ့အတွက်
ကြောင့် သူ့ကို ဒေါသမီးတွေက ရှိနေသေးသည်။

" ခုဏက ကောင်က ဘယ်သူလဲ
မေသွေးခြယ်...??? "

" သူ ကိုယ်တိုင်က သား သူငယ်ချင်းလို့
ခင်ဗျား ကို ပြောပြီးသွားပြီလေ
ဘာတွေ ထပ်မေးနေရတာလဲ....?? "

" မင်း လေသံကို ပြင်စမ်း မေသွေးခြယ်
နောက်ပြီး မင်း အကြည့်ကိုရောပဲ.....!!! "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now