ဖိုးထောင်လဲ တစ်ယောက်ထဲတော့ ဒုက္ခမခံနိုင်၍ ဘေးက တစ်လမ်းလုံး သရေတွေကျ အိပ်လိုက်လာပြီး ခုမှပြူးတူးပြဲတဲ ဖြစ်နေသည့် ဂွတိုကို..

"ဟေ့ရောင် ဂွတို မင်းလဲဆင်း "

"ဟုတ်ကဲ့ပါ...ကိုကြီးဖိုးထောင်ရာ
ဆင်းမယ် .."

ဖိုးထောင်ဆရာတော်ဘုရားနှင့် အတူ မြို့လိုက်ရမည်ဆိုကတည်းက သူလဲလိုက်ချင်သည်ဟု ဆိုကာ ဆရာတော်ဘုရားကို အတင်းပူဆာပါသည်။ဆရာတော်ဘုရားလဲ နားပူတာမခံနိုင်၍ ထင်သည်။မတတ်နိုင်သည့် အဆုံး ခေါ်သာလာရသည်။ဒါတောင် မနေ့ညက မအိပ်။တစ်ရေးနိုးလဲ 'ဘုန်းဘုန်းဘုရား မလင်းသေးဘူးလားဘုရား'ဆိုပြီး ထထပြောနေ၍ တကယ်လင်းတော့ အိပ်ပျော်နေတာများ သိုးလို့။ဖိုးထောင် ညစ်ပြီး မနှိုးပဲနေရင် ကျန်ခဲ့ရအုံးမည်။ မနေ့ကတစ်ညလုံး မအိပ်နိုင်၊မစားနိုင်နှင့် လိုက်ချင်နေသော ပုံစံကို ကြည့်၍ သနားလို့ ခေါ်လာခြင်းဖြစ်သည်။

"မဟုတ်လဲ ဆင်းရမှာပဲကို "

ဒီကောင် ဂွတိုဆင်းမှာကို တတွတ်တွတ်နှင့် ပြောနေသေးသည်။

"အေး ..ဆင်း "

ဖိုးထောင်တို့လည်း ကားပေါ်ကဆင်းပြီး...
တံခါးရှေ့ ရောက်သည်နှင့်...

"ဗျို့ ..အိမ်ရှင်တို့ ဒါ ဦးမာန်ရှိန်တို့အိမ်လား မသိဘူးဗျ "

ခြံ၀န်းထဲကြည့်လိုက်တော့ ခွေးတစ်ကောင်ကြောင်တစ်မှီးမှ မတွေ့ရ၍ ဖိုးထောင်လည်း မည်သို့ခေါ်ရမှန်း မသိသဖြင့် ဖင်ကုပ်ခေါင်းကုပ် ပါးစပ်ထဲတွေ့ရာ အော်ချလိုက်သည်။

"ကိုကြီးဖိုးထောင် အဲ့လိုအော်နေလို့ ရပါ့မလားဗျ
ခြံက ကျယ်တော့ အိမ်နဲ့ဝေးနေတယ် ..အိမ်ထဲမှာဆိုရင်တောင် ကြားရမှာ မဟုတ်ဘူးဗျ "

"ဂွတို မင်းက ငါ့အသံပါဝါကို အထင်သေးတာလား..ငါ့အသံပါဝါနဲ့ဆို နန်းတော်ကြီးတောင် ပွင့်ထွက်သွားစေရမယ် မင်းမှတ်ထား ကြားလား "

"ဟာဗျာ ဟုတ်ပါပြီဗျာ အာ့ဆိုလဲ ဆက်ခေါ် "

ဂွတို ဒီကောင် မိမိကိုပင် အရူး ၊ပြောမရဘူး ကျွဲပါးစောင်းတီးဆိုသည့် အကြည့်နှင့်ကြည့်ပြီး သူပြောတာကို လက်မခံ၍ ‌လက်မှိုင်ချလိုက်ဟန်၊ခေါင်းရှုပ်နေဟန်နှင့် ခေါင်းကိုချည်း တဗျင်းဗျင်း စွတ်ကုပ်နေသည်။ခေါ်ကူမယ်တော့မရှိ အလကား ဘေးထိုင်ဘုပြောနေတဲ့ကောင်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now