နှောင်း ဦးလက်ထဲက ပန်းကန်ကိုလှမ်းယူနေချိန် မမမြတ်က
"နှောင်းက ကော်ရည်ခေါက်ဆွဲ မစားဘူးလား"
"ရှင်... စားမှာလေ"
"ဒါက..."
"ဟို... ဟို"
"နှောင်းက နိုးတာနဲ့ ဗိုက်ဆာတဲ့သူမျိုးလေ... သူ့လစ်မစ်က နာရီဝက်ပဲ... နာရီဝက်အတွင်း တစ်ခုခုမစားရရင် အဲ့မှာ ဗိုက်တွေအောင့် အဆာတွေလွန်ကုန်ရော... ဒါက သူ့အတွက် နိုးနိုးချင်း မနက်စာ"
"ဟီး"
ရှေ့မှာ မောင်ရှိနေတာမို့ ဘယ်လိုဖြေရမလဲ အကြပ်ရိုက်နေစဉ် အသေးစိတ်ရှင်းပြသွားတဲ့ ဦးကြောင့် နှောင်းမှာ သွားသာဖြဲပြီးရယ်ပြလိုက်ရတော့သည်။
"ဟို ကလေးအတွက်ရော ပြင်ပေးရမလားဗျ... ဗိုက်ဆာနေမှာစိုးလို့"
"ရတယ် မောင်လေး ရတယ်"
"ရွိုင်ရယ့်ကို တီတီ့လိုမျိုးချက်ပေးပါလား ဦးဦး"
"သမီးက ဗိုက်ဆာနေလို့လား"
"မဟုတ်ပါဘူး မာမီ... ဦးဦးချက်ပေးထားတာက စားလို့ကောင်းမယ့်ပုံလေး ချစ်စရာလေးမို့ ရွိုင်ရယ်လေးလည်း လိုချင်လို့"
"သမီးကတော့လေ အားနာစရာကွယ်"
"ရတယ် အစ်မ ကျွန်တော်ပြင်ပေးပါ့မယ်... အန်တီတို့ရော စားဦးမလား"
"အန်တီတို့ကတော့ တော်ပါပြီကွယ်... ကော်ရည်ခေါက်ဆွဲပဲ စားတော့မယ်"
"ဟုတ်... ဒီဆို ကလေးက ၁၀မိနစ်လောက်စောင့်ပေးနော် ဟုတ်ပြီလား"
"ဟုတ် ဦးဦး"
နှောင်းတို့နားက ဦးထွက်သွားတာနဲ့ နှောင်းမှာ ဇွန်းနဲ့ခရင်းကို လက်မှာကိုင်ထားပြီး ကလေးကိုကြည့်ကာ
"တီတီ့ဆီက နည်းနည်းယူစားမလား မီးမီး"
"ဟင့်အင်း တီတီပဲစားပါ... တီတီက ဗိုက်ဆာနေတာ
ရွိုင်ရယ်လေးက မဆာသေးဘူး"
"အော် အင်းအင်း"
ကလေးကို ခေါင်းညိမ့်ပြပြီး နှောင်းလည်းစားစရာရှိတာကို ခပ်သွက်သွက်စားလိုက်သည်။ စားပြီးတာနဲ့ Kitchen ဘက်သွားပြီး ပန်းကန်ဆေးလိုက်ပြီး ဦးကို
💕Her Cuteness💕
Start from the beginning
