"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"
ခေါင်းငြိမ့်ကာ အသိမှတ်ပြုသလိုပြောပြနေပေမယ့် နှောင်းဆီအကြည့်တွေရောက်နေတဲ့ မောင့်ကြောင့် နှောင်းမသိမသာအကြည့်လွှဲကာ
"ဟဲဟဲ ဒါဆို မနက်ဖြန် တီမြိုင်တို့ရဲ့နှစ်ပတ်လည်ကို ဂုဏ်ပြုပေးဖို့ရောက်လာမယ့်သူငယ်ချင်းမိသားစုဆိုတာပေါ့... တီမြိုင်တို့က အန်တီတို့လာမယ်ဆိုတာနဲ့ အရမ်းပျော်နေတာ"
"ဟုတ်တယ်သမီးရေ... ဟိုးအရင်ကျောင်းတတ်တုန်းကဆို အန်တီတို့က စားအတူသွားအတူပဲလေ... မိသားစုတွေထက် ပိုရင်းနှီးကြတာ ညီအစ်မတွေလိုပဲ... ဒါကြောင့် သူတို့နှစ်ပတ်လည်ကိုအကြောင်းပြုပြီး အရင်တုန်းကအချိန်တွေကို ပြန်သွားကြမလို့ ခုလို ဒီနေရာမှာတည်းဖို့စီစဉ်လိုက်ကြတာ"
"ဟုတ်... ဒါပေမယ့် မမမြတ်ရဲ့မိသားစုဖြစ်နေမယ်လို့တော့ မထင်ထားမိဘူး"
"ဟုတ်ပ နှောင်းရယ်"
"အာ့ဆို ကျွန်တော် မနက်စာသွားပြင်လိုက်ဦးမယ်နော်"
"အေးအေး သွားလေ သား... အမေလာကူပေးမယ်"
"ရတယ် ရတယ်... ကျွန်တော့်ဘာသာပဲချက်လိုက်ပါ့မယ်... အမေအေးဆေးစကားပြောနေပါ"
"ဟဲ့ မနက်စာဘာလဲ"
"ကော်ရည်ခေါက်ဆွဲ"
"Nice"
ကော်ရည်ခေါက်ဆွဲဆိုတာနဲ့ နှောင်းလက်မထောင်ပြလိုက်သည်။
"Nice တွေ နောက်ထား... လာဝိုင်းကူ"
"ဆော်ရီးပဲ အားမရှိသေးဘူး"
ရောင်နီဘာမှဆက်မပြောဘဲ Kitchen ဘက်ပြန်ဝင်ကာ ပေါင်မုန့်ကို ထောပတ်နဲ့မီးကင်ထားပြီး စတော်ဘယ်ရီသီး နှစ်လုံးရယ် ကြက်ဥ ဟတ်ဖရိုက်ကြော်ထားတာရယ်ကို ထည့်ကာ ပြင်ဆင်ထားတဲ့ ပန်းကန်ယူပြီး နှောင်းထိုင်နေတဲ့ဆိုဖာနောက်ဘက်ကနေ နှောင်းရှေ့ကို ယူလာတဲ့ပန်းကန်ပေးလိုက်ပြီး
"နင့်အတွက်"
"အိုမို... သိုက့်ခယူပါ ဟီးဟီး... စားပြီးရင် လာကူပေးမယ်"
"ငြိမ်ငြိမ်လေးထိုင်ပေးရုံနဲ့တင် ကျေနပ်နေပြီ"
"ဟဲဟဲ"
💕Her Cuteness💕
Start from the beginning
