💕Her Cuteness💕

Start from the beginning
                                        

"ပြဿနာတက်ကြတုန်းက ရတာလေ"

"ဟယ် မိန်းကလေးပါ ပါတာလား... ယောကျာ်းလေးတွေချည်းဖြစ်ကြတယ်ထင်တာ"

"အဲ့လိုတွေရှိတယ် နွယ်ရေ... နှောင်းက နှောင်းက သူငယ်ချင်းတွေအပေါ်သိပ်သံယောဇဉ်ကြီးတာ... မြိုင်တို့အားလုံးက မိသားစုလိုဖြစ်နေပြီ... နှောင်းဆို သမီးရင်းတစ်ယောက်လိုပဲ... ဒါကြောင့် တစ်ယောက်ဖြစ်ပြီဟေ့ဆို ကျန်တဲ့သူတွေက ငြိမ်မနေနိုင်ကြတော့ဘူးလေ"

အမေက အန်တီမြိုင်ပြောသမျှ ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်နေပေမယ့် စေကတော့ "မ"ကို စိတ်ပူသွားတာက အနှိုင်းမဲ့။ ထိုစဉ် "မ"က မျက်နှာသစ်ထားပြီး ရေစက်လက်နဲ့ အပြင်ထွက်လာကာ စားပွဲပေါ်တင်ထားတဲ့ တစ်ရှုးဘူးထဲက တစ်ရှုး၃ ၄ရွက်ကို ဆွဲထုတ်ပြီး မျက်နှာကို ရေသုတ်သည်။ ပြီးတော့ စေတို့အားလုံးထိုင်နေတဲ့ ဧည့်ခန်းကို ‌လျှောက်လာပြီး သူငယ်ချင်းဖြစ်သူနားထိုင်နေသည်။

"နှောင်း သမီးကိုမိတ်ဆက်ပေးမယ်... သားကြီးလည်း အဲ့ဒါတွေ ခဏထား ဒီကိုလာ လူစုံတုန်း အစကနေ အားလုံးကိုမိတ်ဆက်လို့ရအောင်ပေါ့"

ရောင်နီလည်း လက်ဆေးကာ လက်သုတ်ဝတ်ဖြင့်သုတ်လိုက်ပြီး ဧည့်ခန်းဘက်ထွက်လာလိုက်သည်။

"ကဲမှတ်ထားကြနော်... ဒါတီမြိုင်နဲ့လေးနိုင်တို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ... အန်ကယ်မြင့်စေနဲ့အန်တီယုယနွယ်ပေါ့... နွယ်တို့ကလေးတွေကို နွယ်တို့ဘာသာမိတ်ဆက်ပေး ခု မြိုင့်ကလေးတွေနဲ့မိတ်ဆက်ပေးမယ်... သူက သားကြီး ရောင်နီဦး သူကသားငယ် မိုးသောက်ဦး သူကသားကြီးသူငယ်ချင်း နှောင်းရိပ်ငယ်နဲ့ လင်းလက်မေ... မြိုင့်အတွက်တော့ တူမရင်း သမီးရင်းတွေလိုပဲ"

"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်"

"အန်တီတို့လည်းတွေ့ရတာဝမ်းသာပါတယ်ကွယ်... အန်တီမိတ်ဆက်ပေးမယ်နော်... သူက အန်တီ့သမီးကြီး မြင့်မြတ်သူ ဘေးကသူ့ခင်ပွန်း မောင်အောင်ဆက်နိုင် သူကတော့ အန်တီတို့ရဲ့အသည်းကျော်လေး မြေးလေးတော်ဝင်သူ၊ ဒီဘက်ကတော့ အန်တီ့သား စေညွှန်ရာ၊ ဟိုဘက်ကတော့ သားငယ်ရဲ့သူငယ်ချင်း ကောင်းပြည့်နဲ့ရတီသွင်တဲ့"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now