"နှောင်း မအိပ်ပါဘူး"
နိုးခါစအသက်ခပ်အက်အက်လေးထွက်လာပေမယ့် မျက်လုံးတွေက မဖွင့်သေးပေ။
"အိပ်ချင်ရင် အထဲသွားပြန်အိပ်ပါလား နှောင်းရယ်"
"ဟင့်အင်း ငါအလုပ်လုပ်ရဦးမှာ... နေ့လည်မှပြန်အိပ်တော့မယ်"
ဦးရဲ့အပြောကို ပြန်ဖြေလိုက်ပြီးနောက် မပွင့်ချင်သေးတဲ့မျက်လုံးတွေကို အတင်းပြူးပြဲကာဖွင့်ကြည့်လိုက်တော့ မြင်ကွင်းတွေက ဘေးတစ်စောင်းအနေအထားဖြစ်နေသည်။ စားပွဲပေါ်မှေးတင်ထားတဲ့ ခေါင်းကို လေးပဲ့စွာဖြင့် ထောင်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့သူတွေကြောင့် အိပ်ချင်နေသေးတဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး အလန့်တကြား မတ်တပ်ထရပ်လိုက်မိသည်။
"ဟင်!!! မမမြတ်တို့က ဘယ်ကနေ ဘယ်လိုရောက်နေတာလဲ"
"ဟွန့် အဲ့ဒါကြောင့် ဟိုမောင်လေးနဲ့ဒီကညီမလေးကို မြင်ဖူးပါတယ်ဆိုပြီးကြည့်နေတာ... လတ်စသက်တော့ နှောင်းသူငယ်ချင်းတွေဖြစ်နေတာကိုး... ဓာတ်ပုံတွေမြင်ဖူးထားတယ်လေ"
"သမီးတို့က သိကြတာလား"
"ဟုတ် အမေ... မြတ်ကုမ္ပဏီက ဝန်ထမ်းလေ... Brand Manager ပေါ့... နှောင်းဆိုတာလေ
အမေ့ကို မြတ်ပြောဖူးပါတယ်"
"ဪ သိပြီသိပြီ... ဒီတစ်ခေါက် ကြော်ငြာထဲက မိန်းကလေးပဲ... ရုတ်တရက်ဆိုတော့ မမှတ်မိဘူးဖြစ်သွားဝာာ"
မမမြတ်အမေက ဘာရယ်မဟုတ်ပြောလိုက်ပေမယ့် နှောင်းကတော့ မချိပြုံးဖြင့်သာ ပြုံးပြလိုက်ရသည်။ ဘယ်မှတ်မိမလဲ ကြော်ငြာထဲမှာက သေချာပြင်ဆင်ထားတော့ လူရုပ်ထွက်နေပေမယ့် အခုကတော့ အိပ်ချင်စုတ်ဖွားပုံစံလေ။ ပိုဆိုးတာက အသစ်စက်စက်ချစ်သူကပါ ထိုပုံစံကိုမြင်သွားတာပဲဖြစ်သည်။ ဖျန်းခနဲ မျက်နှာတွေ ပူသွားပေမယ့် အလိုက်အထိုက်ပြုံးပြလိုက်ရင်း
"နှောင်း မျက်နှာသွားသစ်လိုက်ဦးမယ်နော်... ခဏ" ဟုပြောကာ အောက်ထပ်ရေချိုးခန်းထဲ ထော့နဲ့ထော့နဲ့ဖြင့် ဝင်သွားလေသည်။
"ဟိုခြေထောက်က"
စေ မနေနိုင်တော့ဘဲ ထိုအန်တီကို ထုတ်မေးကြည့်လိုက်တော့
💕Her Cuteness💕
Start from the beginning
