လွန်ခဲ့တဲ့၃ရက်က ရန်ဖြစ်တယ်ဆိုတဲ့စကားကြားပြီး စေ မျက်မှောင်ကြုတ်ကာစဉ်းစားနေမိသည်။ ၃ရက်ဆိုတော့ "မ"နဲ့ စေ တစ်လပြည့်တဲ့နေ့ပဲ။ အဲ့နေ့က ဒါဆို "မ"ပြောတဲ့အရေးကြီးကိစ္စဆိုတာ......။
ကျွီ
စေ့အတွေးမဆုံးခင် အောက်ထပ်အခန်းတံခါးဖွင့်သံကြောင့် လှမ်းကြည့်လိုက်တော့ တစ်ခါမှ မမြင်ဖူးသေးတဲ့ပုံစံနဲ့ စေ့ရဲ့နှလုံးသားလေး "မ"သာ။ ကြက်ပေါက်ရောင် ဟူဒီပွပွကြီးနဲ့ အောက်က ဘောင်းဘီနဲ့ အရောင်က ဆင်တူဖြစ်ကာ ခေါင်းစွပ်ကိုစွပ်ထားသေးတာမို့ ကြက်ပေါက်လေးအတိုင်းပင်။ "မ"က တစ်ချက်သမ်းလိုက်ပြီး မပွင့်သေးတဲ့မျက်လုံးတွေကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်း ခြေထောက်ကထော့နဲ့ထော့နဲ့ဖြင့် မီးဖိုချောင်ရှိရာကို တန်းတန်းမတ်မတ်လျှောက်သွားသည်။ ဘာလဲ "မ"က ခြေထောက်နာနေတာလား။
မီးဖိုးချောင်နားမရောက်ခင်မှာ ရေသန့်စက်တစ်လုံးရှိကာ ထိုရေသန့်စက်နားမှာ "မ"က ရပ်ပြီး ရေတစ်ခွက်သောက်သည်။ ပြီးတော့ ထမင်းစားစားပွဲက ထိုင်ခုံမှာထိုင်ပြီး စားပွဲပေါ်ပါးအပ်ကာ မျက်လုံးတွေမှိတ်ထားသည်။ အိပ်နေတာလား ဘာလားဝောာ့မသိ မျက်နှာကစေတို့ထိုင်နေတဲ့ဘက်လှည့်ထားတာမို့ အေးလို့ နှာခေါင်းထိပ်လေးတွေရဲနေတဲ့ "မ"မျက်နှာက မြတ်နိုးစရာကောင်းလှသည်။
"သူလည်း သားကြီးသူငယ်ချင်းပဲလေ"
အမေ့သူငယ်ချင်းရဲ့အသံကြောင့် စေ "မ"ဆီက အကြည့်လွှဲကာ ထိုအန်တီ့ကိုကြည့်လိုက်သည်။
"ခဏနေ သူသေချာနိုးလာမှ မိတ်ဆက်ပေးတော့မယ်"
"သေချာနိုးလာမှဆိုတာ"
သူငယ်ချင်းဖြစ်သူရဲ့စကားကို မြိုင်ရယ်လိုက်ပြီး
"အခုက သူနိုးတဝက် အိပ်တဝက်ဖြစ်နေတာလေ"
အန်တီမြိုင်အပြောကြောင့် အားလုံးခပ်သဲ့သဲ့လေးပြုံးမိသွားကြသည်။ စေလည်း ပြုံးမိသွားရင်း "မ"ကိုပြန်ကြည့်လိုက်တော့ မနက်ခင်းစောစောနိုးနိုးချင်း ဘာမှပြင်ဆင်မထားတဲ့ မျက်နှာလေးက အသည်းယားဖို့ကောင်းစွာ နှုတ်ခမ်းဖူးဖူးလေးကလည်း ရှေ့ကိုစူထွက်နေသေးသည်။
💕Her Cuteness💕
Start from the beginning
