"ရန်ဖြစ်ကြတာ နွယ်ရေ... အဲ့ဒါကြောင့်ပဲ
စိတ်အပန်းပြေအောင် တစ်ရက်ကြိုပြီး ခရီးထွက်လာ
ကြတာ... တွေ့မှပြောပြမယ်ဆိုတာ အဲ့ဒါပေါ့"
"အမေကလည်း သားတို့က ရန်စတာမဟုတ်ပါဘူးဆို... မသိရင်သားတို့ကပဲ ဆိုးသွမ်းနေတာကြနေတာပဲ"
"ဟွန့်ဟွန့်"
သူစိမ်းတွေရှေ့မှာ သူတို့ကိုလူဆိုးလေးတွေလို့ထင်မှာစိုးတာကြောင့် ဆူပုတ်ပုတ်နဲ့ပြောလာတဲ့ သားငယ်ရဲ့အပြောကို မြိုင်ရယ်လိုက်မိသည်။
"ဟိုမိန်းကလေး နှုတ်ခမ်းကရော ဘာဖြစ်တာလဲ မြိုင်... နဖူးမှာလည်း ယောင်နေတယ်"
"........."
"ဒီလိုပါအန်တီ........."
လင်းအကြောင်းပြောပြဖို့ လင်းသိက္ခာကိုငဲ့ကာ ပြောသင့်မပြောသင့်ဖြစ်နေတဲ့ တီမြိုင့်ကိုယ်စား လင်းကပဲ ဖြစ်ကြောင်းကုန်စင်ကို အကြမ်းဖျင်းပြောပြလိုက်သည်။ လင်းအတွက် ဒီလိုပြောပြရတာက တစ်ခြားသူဆို ပြဿနာရှိပေမယ့် ခုရောက်နေတဲ့မိသားစုနဲ့ လေးနိုင်နဲ့တီမြိုင်တို့နဲ့က မောင်နှမတွေထက် ပိုရင်းနှီးပြီး ပိုချစ်ကြတယ်ဆိုတာ ဒီခရီးမထွက်ခင်ကတည်းက တီမြိုင်တို့ပြောဖူးနေကြမို့ လင်းအကြောင်းပြောပြဖို့က ပြဿနာမရှိ။ ပြီးတော့ လင်းမှားထားတာ ဘာမှမရှိဘူးလေ။ လင်းဘက်က မဝံ့မရဲဖြစ်နေစရာမှမလိုတာပဲ။
"ဟယ် ဖြစ်မှဖြစ်ရလေ... သမီးက အမှုမဖွင့်ဘူးလား"
"အဲ့လူယုတ်မာနဲ့ လင်းကမပတ်သက်စေချင်လို့ အမှုတွေမလုပ်ပဲ နောက်ဘယ်တော့မှမပတ်သက်ဖို့ ခံဝန်ကတိတောင်းပြီးပဲ ရှင်းလိုက်တော့တယ် အန်တီ... သူငယ်ချင်းတွေကို အားနာပေမယ့်လို့ပေါ့"
"အေးလေ ဘာပဲဖြစ်ဖြစ် အကူအညီလိုရင်ပြောနော် သမီး... ဘာမှ အားမနာနဲ့"
"ဟုတ်ကဲ့ပါ အန်တီ"
လင်းလက်မေဆိုတဲ့ မိန်းကလေးပြောပြတာတွေ နားထောင်ပြီး နွယ်တို့လည်းစိတ်မကောင်း။ ဒါပေမယ့် ဘေးမှာဒီလိုကူညီပေးတဲ့သူငယ်ချင်းတွေ ရှိတာတော့ ဒီမိန်းကလေးအတွက် ကံအကောင်းဆုံး ဆုလာဘ်တစ်ခုပင်။
💕Her Cuteness💕
Start from the beginning
