"မြိုင့်သားတွေက အချောလေးတွေပဲ... အငယ်လေးကိုတော့ ငယ်ငယ်တုန်းကပဲ မြင်ဖူးတယ်... မြိုင့်သားကြီးကိုတော့ ခုမှပဲမြင်ဖူးတော့တယ်... တကယ့်ကို မြိုင့်ရဲ့ အလှတွေရထားတာပဲ ကြည့်ပါဦး"
အမေပြောတဲ့ချီးကျူးစကားတွေကို ရေခဲသေတ္တာထဲက တစ်ခုခုထုတ်နေရင်း လှမ်းပြုံးပြနေတဲ့ ရောင်နီဦးဆိုတဲ့ဘဲကို စေ မသိမသာလှမ်းကြည့်မိသည်။ ခပ်တိုတိုဆံပင်တွေနဲ့ ယောကျာ်းဆန်တဲ့မျက်နှာအနေအထားက
အနီးကပ်မြင်လိုက်တော့မှ ချောတယ်လို့ပြောလို့ရတဲ့
ပုံပန်းသွင်ပြင်ပင်။ စေ့ဘေးမှာထိုင်နေတဲ့ ကောင်းပြည့်ကလည်း စေ့ကို မသိမသာလက်ကုတ်ကာ မျက်စပစ်ပြသည်။ စေ ခေါင်းရမ်းပြလိုက်ပြီး မသိသလိုနေဖို့
အသံတိတ်ပြောလိုက်သည်။
"သားကြီးရေ မနက်စာပြင်တော့မလို့လား"
"ဟုတ်... ခုမှစချက်မှာ ဧည့်သည်တွေရော
ဘာများစားချင်လဲ"
"ရပါတယ် သားရယ် အန်တီတို့အတွက် တကူးတက
မလုပ်ပါနဲ့... အဆင်ပြေ လွယ်ကူတာသာလုပ်ပါ"
"ဟုတ်... အာ့ဆို ကော်ရည်ခေါက်ဆွဲ ပြင်လိုက်မယ်နော်"
"အေးအေး"
"သားကြီးရဲ့ ဟင်းချက်လက်ရာကတော့ စားပြီးရင် နွယ်လုံးဝကြိုက်သွားမှာ သိလား"
"ဟုတ်ပါပြီ ဒါနဲ့မြိုင်... ဒါတွေ ဒါတွေက ဘာဖြစ်တာလဲ"
နွယ်က သားတွေမျက်နှာပေါ်က ဒဏ်ရာတွေကို ညွှန်းပြီးမေးတာကြောင့် မြိုင်သက်ပြင်းချပြီး ပြောမယ်ကြံကာ
ရှိသေး အောက်ထပ်အခန်းထဲကနေ သမီးလင်းက
ထွက်လာသည်။ နွယ့်အကြည့်တွေက လင်းဆီရောက်သွားတာမို့
"ဒါ သားကြီးသူငယ်ချင်းလေ လင်းလက်မေတဲ့... သမီးလင်းရေ ဒါတီမြိုင့်သူငယ်ချင်းတွေလေ"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ရှင့်"
"အေးပါ ဝမ်းသာပါတယ်ကွယ်"
"နိုးတာကြာပြီလားသမီး"
"ဟုတ် တီမြိုင်... ကော်ဖီသောက်ကြမလား လင်း
ဖျော်ပေးမယ်လေ"
"ကျေးဇူးပဲသမီးရေ"
မြိုင် လင်းကိုကျေးဇူးစကားပြောပြီး သူငယ်ချင်းဖြစ်သူ
နွယ့်ဘက်လှည့်ကာ
💕Her Cuteness💕
Start from the beginning
