"ဟုတ်တယ် မင်းရဲ့သမီးကြီး မင်္ဂလာဆောင်တုန်းက နောက်ဆုံးတွေ့ဖြစ်လိုက်တာဆိုတော့ ဟိုတစ်ခါငါ့ဆိုင်မှာ မင်းတို့နဲ့မတွေ့ခင်ကြဆို တွက်ကြည့်ရင် မင်းရဲ့မြေး
တသက်ပဲပေါ့ ဟားဟား"
"နောက်ဆို မကြာမကြာတွေ့ရအောင် ငနိုင်ရ... ငါလည်း ကားပွဲစားအလုပ်ကနားလိုက်တော့ အိမ်မှာပဲနေရတာ ပျင်းတယ်ကွ"
"ရှင် ဘာစကားပြောတာလဲ"
ဇနီးဖြစ်သူ ယုယနွယ်က ခါးထောက်ပြီးမေးတာမို့
ဦးမြင့်စေ အယောင်ယောင်အမှားမှားဖြင့်
"စကားမှားသွားတာပါကွာ မင်းကလည်း"
"ဟွန့် တွေ့တယ်မလား မြိုင်... ယောကျာ်းတွေက
မရခင်တစ်မျိုး ရပြီးတစ်မျိုးနဲ့"
"ကိုယ်ပဲမှားတာပါကွာ ဟုတ်ပြီလား"
အသက်တွေ ၅၀ကျော်သွားပေမယ့် သူငယ်ချင်းတွေ
ပြန်ဆုံတွေ့ကြတော့ အရင်ကလို ငယ်ရွယ်နုပျိုမှုတွေ ပျော်ရွှင်မှုတွေက မပြောင်းလဲသွားပေ။
"မြိုင့်သားတွေရော"
"အမယ်လေး အိပ်ကြတုန်းနေမှာ... ကလေးတွေရော ဗိုက်ဆာနေကြပြီလား အန်တီမနက်စာပြင်ပေးမယ်လေ"
"ရပါတယ် အန်တီ အေးဆေးနေပါ... မြတ်တို့လမ်းမှာလည်း စားထားသေးတော့ သိပ်အဆာကြီးမဟုတ်ပါဘူး"
"အော် အေးအေး"
ထိုစဉ် အိမ်တံခါးဖွင့်ကာ ဝင်လာတဲ့ သားနှစ်ယောက်ကြောင့် မြိုင်အံ့ဩသွားသည်။
"ဟယ် သားတို့က အိပ်နေတာမဟုတ်ဘူးလား"
"သားနဲ့ကိုကြီးက စောစောနိုးနေလို့ ရွာထဲလျှောက်ကြည့်နေတာ... ဟူး အေးလိုက်တာဗျာ"
မိုးသောက်က ပြောပြောဆိုဆိုနဲ့ မြိုင့်ထိုင်နေတဲ့နား ကြမ်းပြင်ပေါ်ထိုင်ချကာ မြိုင့်ကို ခါးကနေဖက်ထားလေသည်။
"တောင်တွေများတဲ့အရပ်ဒေသမို့ ပုံမှန်ထက်ပိုအေးတယ်သားငယ်ရဲ့... နေပါဦး အမေမိတ်ဆက်ပေးမယ်...
ဒါအမေ့သူငယ်ချင်းနဲ့သူ့မိသားစု"
"ဟုတ်"
"ဒါ မြိုင့်ရဲ့သားငယ်လေး မိုးသောက်ဦးတဲ့... ဟော
ဟိုက သားအကြီး ရောင်နီဦး"
💕Her Cuteness💕
Start from the beginning
