"ဟုတ်လား"
"အင်း မြိုင်တို့နဲ့မိတ်ဆက်ပေးမယ်ပြောထားတယ်... အခုချိန်ထိ ချစ်သူရည်းစားမထားဘဲ ဒီကောင်လေးနဲ့မှ ချစ်သူဖြစ်သွားကြတယ်ဆိုတော့ သမီးနှောင်းရဲ့
ခံစားချက်တွေက တော်ရုံတော့မဟုတ်လောက်ဘူး"
"ဟယ် ဒီအချိန်ထိ ရည်းစားမထားဖူးဘူးလား...
ကြည့်စမ်း နှောင်းကို ချစ်သူတော်ထားရတဲ့
ကောင်လေးကတော့ တကယ်ကံကောင်းတာပဲ"
အမေ့ရဲ့စကားကြောင့် စေက ထိုင်နေရင်းနဲ့ လေပေါ်မြောက်တက်သွားသလိုပင်။ "မ"ရဲ့ရည်းစားက ကျွန်တော်ပါဆိုပြီး သက်သေပြချင်စိတ်တွေတောင် ပေါက်လာသည်။ တကယ်ပဲ စေဟာ ကံကောင်းလား
မကောင်းဘူးလားဆိုတာတော့ ဒီမှာရှိနေတဲ့ရက်တွေအတွင်းမှာ "မ"နဲ့ ရောင်နီဦးဆိုတဲ့ဘဲရဲ့ အခြေအနေကို အနီးကပ်လေ့လာကြည့်လို့ရတာပေါ့။
💕💕💕💕💕
နှောင်းမှာ အခန်းထဲရောက်နေပေမယ့် မျက်နှာကတော့
ပူနေတုန်းပင်။ ဒုက္ခပဲ ငါ့ရဲ့ဒီပုံစံကြီးကို မောင်တွေ့သွားပြီပေါ့။ ဘယ်လိုလုပ်မလဲ။ ငါ့ကို စိတ်များပျက်သွားမလား။ နေဦး စာပို့ကြည့်ထားရင်ကောင်းမလား။ ဘယ်လို
ပို့ထားရင်ကောင်းမလဲ။ မောင် ပြန်ရောက်လာပြီလား။ မောင်အစောကြီးပြန်ရောက်နေတာလား။ အားးးး ရူးတော့မှာပဲ ဘယ်လိုစာပို့ရမလဲ စဉ်းစားလို့ကလည်း
မထွက်ဘူး။ ဘယ်လိုလုပ်ရမလဲ။
အခန်းထဲယောက်ယက်ခတ်နေစဉ် ဝင်လာတဲ့ IG Message ကြောင့် နှောင်း ဖွင့်ကြည့်လိုက်တော့
မောင့်ဆီက ဖြစ်ကာ
📨 ဖုန်းက ဘာလို့စက်ပိတ်ထားတာလဲ...
မောင်ဖုန်းတွေ တောက်လျောက်ခေါ်နေတာ
📨 အဲ့နေ့ကတည်းက ဖုန်းပျောက်သွားတာ...
ပြန်လျှောက်ဖို့ ရုံးပိတ်ရက်တွေရော ခရီးသွားတာတွေနဲ့ရောမို့ မလျှောက်ဖြစ်သေးတာ
📨 ခုဘာဖုန်းနဲ့သုံးနေလဲ နံပါတ်ပေးလေ
📨 09××××××××
📨 အိုခေ နောက်မှ မောင်တို့စကားအေးဆေး
ပြောကြတာပေါ့... မောင် နားလိုက်ဦးမယ်
📨အင်း
မောင့်ကို စာပြန်ပြီးနောက် မောင့်ဆီက အရင်လို
ချစ်တယ်ဆိုတဲ့ Reply လေးများ ပို့လေမလားလို့စောင့်နေပေမယ့် ၅မိနစ်ကျော်လောက်ထိ မောင်က စာပြန်မပို့တော့ပေ။ အကောင့်ကတော့ စိမ်းနေပေမယ့် ကြည့်ရတာ အနားယူနေပြီထင်ပါရဲ့။ နာရီကြည့်တော့ ၉နာရီထိုးခါနီးပြီမို့ အလုပ်လုပ်ဖို့အဆင်သင့်ပြင်ရတော့သည်။
Laptop အိတ် နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေ စာအုပ်တွေထည့်ထားတဲ့ အိတ်နှစ်လုံးကို မနိုင်မနင်းဆွဲကာ ဧည့်ခန်းဘက်သို့ထွက်လာခဲ့သည်။ နှောင်းက အမြဲတစ်ယောက်တည်းနေနေကျမို့ တီမြိုင်တို့နဲ့ ခရီးထွက်တဲ့အခါ အမြဲ လူရှိတဲ့နေရာမှာ နေလေ့ရှိသည်။ မိသားစု၊ သူငယ်ချင်းတွေနဲ့ ခရီးထွက်လာတယ် အတူတူရှိနေတယ်
ဆိုတဲ့ ခံစားချက်မျိုးရအောင်လို့ အလုပ်လုပ်ရင်း စာဖတ်ရင်း တီမြိုင်တို့နားမှာသာ နေဖြစ်သည်။ အခန်းထဲမှာ တစ်ယောက်တည်းမနေ။
အခုနှောင်းက ဇွဲကပင်တောင်ကိုလှမ်းမြင်နေရတဲ့ ဧည့်ခန်းက မှန်တံခါးချပ်နားမှာ ရေနွေးကြမ်းသောက်ရင်းစကားစမြည်ပြောဖို့ ထည့်သွင်းတည်ဆောက်ထားပုံရပြီး ကြမ်းပြင်ကနေ နှစ်ထွာလောက်မြင့်ထားတဲ့ ဂျပန်
စတိုင်အပြင်အဆင်နဲ့ စားပွဲလေးပါချထားတဲ့ထိုနေရာမှာ ဇွဲကပင်တောင်နဲ့ဘေးချင်းယှဉ်အနေအထားတိုင်းထိုင်ပြီး အလုပ်လုပ်ဖို့နေရာပြင်နေလေသည်။ နှောင်းအဲ့လိုထိုင်မှ ဧည့်ခန်းနဲ့မီးဖိုခန်းမှာရှိနေတဲ့လူတွေကို ကျောပေးထားသလို မဖြစ်မှာဖြစ်ပြီး နှောင်းလည်း စကားပြောလို့ရပြီး တကယ့်မိသားစုခရီးထွက်ခြင်း အနှစ်သာရကို ခံစားလို့ရမည်ဖြစ်သည်။
နှောင်းက Online ကနေ Work From Trip အလုပ်လုပ်နေပြီး မိုးသောက်က ဧည့်ခန်းက အမွှေးပွခင်းထားတဲ့ကြမ်းပြင်မှာ ဆိုဖာကိုကျောမှီပြီး ဂိမ်းဆော့နေသည်။ လင်းကတော့ ဆိုဖာပေါ်ထိုင်ကာ စာဖတ်နေပြီး လေးနိုင်နဲ့တီမြိုင်က တီဗီကလာနေတဲ့ရုပ်ရှင်ကားကို ကြည့်နေကြသည်။ ဦးကတော့ အိမ်အပြင်ဘက် ရေကူးကန်ဘေးနားက သစ်သားခင်းပေါ်မှာရှိတဲ့ ထိုင်ခုံမှာထိုင်ရင်း ကော်ဖီတစ်ခွက်၊ Laptop တစ်လုံးနဲ့ နေပူဆာလှုံရင်း ဟင်းချက်နည်းတွေ လေ့လာနေတယ်ထင်ပါရဲ့။
တကယ်ကိုအေးချမ်းတဲ့ မိသားစုအပန်းဖြေခရီးပင်။
💕💕💕💕💕💕💕💕💕💕
အပိုင်း ၁၉ မျှော်
#haru_rin
See you next Sunday 💕
💕Her Cuteness💕
Start from the beginning
