"ကဲ နှောင်းလေး ထတော့... သူစိမ်းတွေရှေ့မှာလည်း အာပြဲကြီးနဲ့အော်ငိုနေတာ မရှက်ဘူးလား"
"ဟင်"
ဟုတ်ပါရဲ့။ နှောင်းမှာ လက်က ဒဏ်ရာကိုအာရုံ
ရောက်နေတာ ကိုယ့်ရှေ့တည့်တည့်မှာ ရှိနေတဲ့လူတွေအားလုံးကို မေ့သွားရတဲ့အဖြစ်။ ကုန်ပါပြီ ကုန်ပါပြီ တစ်လျှောက်လုံးထိန်းသိမ်းလာခဲ့တဲ့ သိက္ခာတွေတော့ ကုန်ပါပြီ။ ရှက်ရှက်နဲ့ပဲ ထိုင်နေရာက ဆတ်ခနဲမတ်တပ်ရပ်ကာ
"ဟို... ဟို... နှောင်း အလုပ်လုပ်ဖို့ ပြင်ဆင်လိုက်ဦးမယ်နော်... နှောင်းကို ခွင့်ပြုပါဦး"
မျက်ရည်စီးကြောင်းတွေကို လက်ဖဝါးနဲ့ဖိပွတ်ပြီး ခြေထောက်ထော့နဲ့ထော့နဲ့နဲ့ အခန်းထဲကို မပြေးရုံတမယ်ဝင်သွားတဲ့ "မ"ကို ကြည့်ပြီး အားလုံးက သဘောကျစွာပြုံးလိုက်ကြသည်။
မြတ်က နှောင်းအခန်းထဲ ဝင်သွားပြီးတော့မှ ရှေ့မှာရှိနေတဲ့ အန်တီမြိုင်ကိုကြည့်ကာ
"နှောင်းကို ကုမ္ပဏီမှာ လုံးဝ Smart Girl အဖြစ်နဲ့မြင်ခဲ့ဖူးတော့ ခုပုံစံကိုမြင်ပြီး အံ့ဩမိသွားတာတော့ အမှန်ပဲ"
"ဟင်း ဟင်း... ဒီကလေးက နဂိုကတည်းက ခုလိုပုံစံပဲ သမီးရေ... ကြည့်ရတာ ကုမ္ပဏီဆိုတော့ မင်နဲ့မောင်းနဲ့ နေနေတယ်ထင်ပါ့... ပုံမှန်ဆို သမီးနှောင်းလေးက
အန်တီတို့ကိုပတ်ချွဲနေကြ... အန်တီ့သားတွေကလည်း အမေနားကပ်ချွဲတယ်ဆိုတာမရှိတော့ သားတွေအစား သမီးတစ်ယောက်ကောက်ရလိုက်သလိုပဲ"
"ဒါဆိုပြောပါဦး သူက မြိုင့်ရဲ့ချွေးမလောင်းလေးလား"
"အို့ နွယ်ကလည်း ပေါက်ပေါက်ရှာရှာ"
"နွယ်ပြောတာ မဟုတ်လို့လား... မြိုင့်သားကြီးနဲ့က သူငယ်ချင်းဆို... သူငယ်ချင်းတွေက အဆင့်တက်ဖို့လွယ်ကူတယ်ဆိုတာ တို့သူငယ်ချင်း ၄ယောက်က သက်သေပဲလေ"
အမေ့အမေးကြောင့် ပထမတော့ စေ ဒေါသထွက်သွား
ပေမယ့် အမှန်တကယ်လည်း အန်တီမြိုင်က "မ"နဲ့
သူ့သားအပေါ်မှာထားတဲ့ သဘောထားကိုလည်း စေ သိချင်မိသည်။
"အမယ်လေး နွယ်ရယ်... သူတို့နှစ်ယောက်သာ သူငယ်ချင်းဆိုရင် အဆင့်တက်နိုင်သေးပေမယ့် သူတို့က သူငယ်ချင်းဇုန်တင်မကတော့ဘူး မောင်နှမဇုန်ထဲပါ ရောက်နေပြီရယ်... မြိုင်ကသဘောတူရင်တောင် သူတို့က အဲ့ဇုန်ထဲကရုန်းထွက်နိုင်မှာမဟုတ်တော့ဘူး... ပြီးတော့ သမီးနှောင်းမှာက ချစ်သူရှိတယ် နွယ်ရဲ့"
💕Her Cuteness💕
Start from the beginning
