💕Her Cuteness💕

Start from the beginning
                                        

ဆေးထည့်ပြီးစီးသွားချိန်မှာ ငိုသံတော့မထွက်တော့ပေမယ့် မျက်ရည်တွေကျနေသေးတာ ရှိုက်နေသေးတာမို့ စေ့မှာ စိတ်မကောင်းတဲ့ကြားကနေ ပြုံးမိသေးသည်။

ကြည့်ပါဦး အန်တီမြိုင့်ရင်ခွင်ထဲဝင်နေပြီး အန်တီမြိုင်ကလည်း "မ"ကို ပွေ့ဖက်ထားသလို "မ"ကလည်း အန်တီမြိုင့်ကို ကျစ်နေအောင်ဖက်ထားလိုက်တာများ။

ရုန်းကန်ရလို့မောသွားကာ အသက်ကိုပြင်းပြင်းရှုနေပြီး ကြမ်းပြင်မှာထိုင်ကာ နှောင်း ခြေထောက်တွေကို ချုပ်ထားတဲ့ ဦးရဲ့ကျောပြင်ကို အုန်းခနဲဆိုပြီး လက်သီးနဲ့ထုလိုက်သေးသည်။

"ကောင်စုတ် ဖယ်တော့"

ရောင်နီ ကျောကော့သွားကာ သူ့လက်တွေကိုဖယ်လိုက်ရင်း နေရာမှထသွားကာ နှောင်းနဖူးကို လက်ဖနောင့်နဲ့ခပ်ဖွဖွရိုက်လိုက်ပြီး

"စေတနာနဲ့ကို မတန်ဘူး"

"အားးးးး တီမြိုင်ရေလို့"

ဖွဖွလေးရိုက်လိုက်တာကို အသံပြဲကြီးနဲ့ အမေ့ကိုဖက်ထားပြီး အော်နေတဲ့နှောင်းကို အမေကရယ်နေပြီး
ကျောပြင်လေးကို ချော့မော့သလို ခပ်ဖွဖွလေးပုတ်ပေးနေလေသည်။

"ရော့ နှောင်း... နာတာသက်သာသွားအောင် စားလိုက်"

"မ"သူငယ်ချင်း လင်းဆိုတဲ့အစ်မက "မ"လက်ထဲသကြားလုံးထည့်ပေးနေပြီး ထိုသကြားလုံးကို "မ"က ပြုံးပြုံးလေးနဲ့လှမ်းယူကာ စားလိုက်သည်။ ဟွန့်... ဒါ မောင် မသိတဲ့ "မ"ရဲ့ပုံစံနောက်တစ်မျိုးပေါ့လေ။ ဘယ်လိုတောင် ချွဲတတ်ပြီး ဘယ်လိုတောင် ကလေးဆန်လိုက်သလဲဆိုတာ ဆေးထည့်ဖို့ကို ငိုယိုပြီးငြင်းရတာနဲ့ ဆေးထည့်ပြီးတော့ အနာသက်သာအောင် သကြားလုံးစားရတာနဲ့ အန်တီမြိုင့်ကို ကျစ်နေအောင်ဖက်ပြီး သားဖြစ်သူတွေကို ဘေးဖယ်ကာ သူက သမီးလုပ်နေလေရဲ့။ မျက်ရည်စီးကြောင်းက ပါးနှစ်ဖက်မှာ အထင်းသားနဲ့မို့ ကလေးပေါက်စလေးနဲ့တူနေရော။

စေ သိခဲ့တဲ့ "မ"ပုံစံနဲ့ ခုမြင်နေရတဲ့ ပုံစံနဲ့က လုံးဝကွဲပြားခြားနားနေကာ စေကတော့ ခုမြင်နေရတဲ့ "မ"ပုံစံကြောင့် ပြုံးမိနေတာ ခဏခဏပါပဲ။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now