"ရတယ် အစ်ကို လုပ်စရာရှိတာ ဆက်လုပ်ပါ... ကျွန်တော်တို့ သူ့ကိုချုပ်ထားမယ်"
"ဘာ... ဘာကို ချုပ်ထားမယ်လဲ"
ရောင်နီပြောလိုက်တာနဲ့ တီမြိုင်ကပါ နှောင်နားထိုင်လိုက်ပြီး နှောင်းပုခုံးကို ဖက်ထားသည်။ ရောင်နီက နှောင်းထိုင်နေတဲ့ရှေ့ ကြမ်းပြင်မှာ ငုတ်တုတ်ထိုင်လိုက်ပြီး ရုန်းကန်လာတော့မယ့် ခြေထောက်တွေကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ချုပ်ထားလိုက်သည်။ အစ်ကိုဆက်ကတော့ ဒဏ်ရာရှိနေတဲ့လက်ကို သေချာကိုင်ထားတာ အရက်ပြန်နဲ့ဒဏ်ရာကို သန့်ရှင်းရေးစလုပ်ပါတော့သည်။
"အားးးး နာတယ် အမေရေ... သေပါပြီ... အီးးးး ဟီးးးး စပ်တယ် ဟင့် ဟင့်"
"အေးအေး ပြီးတော့မယ်နော် သမီးနော် ခဏပဲ မကြာဘူး ပြီးခါနီးပြီ"
"စပ်တယ် ဟင့် အားးးး တီမြိုင်ရေ နာတယ် ဟင့် ဟင့်"
ထွန့်ထွန့်လူးကာ ကလေးလိုအော်ငိုနေတဲ့ မိန်းကလေးကြောင့် အောင်ဆက်နိုင်မှာလည်း လုပ်နေကျအလုပ်ဖြစ်ပေမယ့်လို့ တုန်တုန်ရီရီဖြစ်နေရသည်။ ဒဏ်ရာက အသားနီလေးတွေပေါ်ကာ အနည်းငယ်နက်တဲ့အတွက် ဆေးသေချာထည့်မှ သက်သာပျောက်ကင်းမှာဖြစ်သည်။ မြန်မြန်လက်စသတ်ကာ ပတ်တီးပြန်စည်းပေးပြီးနောက်မှာတော့ အောင်ဆက်နိုင်မှာ ဟင်းခနဲသက်ပြင်းချနိုင်တော့သည်။ အောင်ဆက်နိုင်နည်းတူ အားလုံးကလည်း ဆေးထည့်လို့ပြီးစီးသွားမှ ဟင်းခနဲသက်ပြင်းချနိုင်တော့သည်။
စေ့မှာတော့ ယောက်ဖဖြစ်သူဆေးမထည့်ပေးခင်ကတည်းက အန်တီမြိုင်ကို မျက်ရည်တွေဝဲကာ ကြည့်နေတဲ့ "မ"ကိုမြင်ပြီး စိတ်တွေမကောင်း။ "မ"လက်က ဒဏ်ရာက ယောကျာ်းရင့်မာကြီးဖြစ်တဲ့သူတောင် ဘယ်လောက်နာမလဲ မြင်ရုံနဲ့သိနေတာမို့ "မ"လို
နုနုငယ်ငယ်မိန်းကလေးအတွက်ဆို တွေးတောင်
မတွေးဝံ့။ အတင်းရုန်းကန်ကာ ငိုယိုပြီး ဆေးထည့်ခံနေ
ရတဲ့ "မ"ကို ရင်ခွင်ထဲပွေ့ဖက်ထားပြီး ချော့မော့ချင်
ပေမယ့် သူနဲ့"မ"ရဲ့အကြောင်းကို ကောင်းပြည့်တို့က
လွဲပြီး ဘယ်သူမှမသိသေး။ စေကတော့ အားလုံးသိသွားလည်း ကိစ္စမရှိပေမယ့် Silent ပဲ တွဲချင်သေးတဲ့ "မ"ကြောင့် စေ့မှာ လက်သီးကိုကျစ်နေအောင် ဆုပ်ထားပြီး "မ"ကို ဆေးထည့်နေတဲ့ဖြစ်ရပ်ကို ထိုင်ကြည့်နေရသည်။
STAI LEGGENDO
💕 Feeling of Love 💕 (Unicode Ver)
Storie d'amore💕 အချစ်ဆိုတဲ့ခံစားချက် 💕 (Unicode Ver)
💕Her Cuteness💕
Comincia dall'inizio
