"ဟင့်အင်းဆို... နင် ငါ့ကို မကျေနပ်ချက်တွေနဲ့ ပေါင်းပြီး အရမ်းအရမ်းလုပ်မှာ ငါသိတယ်... နင်မထည့်ပေးနဲ့"
"ဟ"
"အစ်ကိုထည့်ပေးမယ်"
နှစ်ယောက်သား ကလေးတွေလို ငြင်းခုံနေကြတုန်း ကြားလိုက်ရတဲ့အသံကြောင့် ကြည့်လိုက်မိတော့
မမမြတ် အမျိုးသားဖြစ်သူဆီက အသံပင်။ ထိုအခါမှ မမမြတ်ကလည်း
"ဟုတ်သားပဲ ကိုလုပ်ပေးလိုက်ပါ... စိတ်မပူနဲ့နှောင်း... ကိုက ဆရာဝန် ဒီလိုက သူကျွမ်းတယ်"
"ဟင်"
"ဟုတ်လား... အတော်ပဲပေါ့... သားရယ် ဒဏ်ရာ
အခြေအနေကိုလည်း ကြည့်ပေးပါဦး... အခုထိ ရဲပြီး အနာမကျက်သေးသလိုပဲ"
တီမြိုင့်စကားလည်းဆုံးရော မမမြတ်အမျိုးသားက နှောင်းနားရောက်လာကာ ချိုသာစွာပြုံးပြပြီး
"ဒဏ်ရာက နက်သွားလို့ပါ... ဘာနဲ့ထိမိသွားတာလဲ"
"မှန်ကွဲစနဲ့ပါ ဆရာ... ဖြစ်ဖြစ်ချင်း မေးခိုင်ကာကွယ်ဆေးတော့ထိုးထားပြီးပါပြီ"
"အစ်ကိုလို့ခေါ်လည်း ရပါတယ် ညီလေးရဲ့... ဒဏ်ရာက စိုးရိမ်စရာတော့ မရှိပါဘူး... ဆေးပုံမှန်ထည့်ပေးဖို့တော့လိုတာပေါ့... ညီမက ဆေးထည့်ရမှာ ကြောက်လို့လား"
အင်းမလုပ် အဲမလုပ်နဲ့ မမမြတ်အမျိုးသားရဲ့လက်မှာကိုင်ထားတဲ့ အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းဆီမှာသာ အကြည့်တွေရောက်နေသည်။ ဘေးမှာ ရှိနေတဲ့ ဦးကပဲ
"သူက ဆေးထိုး ဆေးသောက် အကုန်ကြောက်တယ် အစ်ကိုဆက်... သူ့အသားနာရမယ့်အရာ မှန်သမျှ သူအကုန်ကြောက်တယ်"
ရောင်နီ့စကားကို အစ်ကိုဆက်ကပြုံးလိုက်ပြီး အရက်ပြန်ဆွတ်ထားတဲ့ဂွမ်းကို ဒဏ်ရာနားတင်လိုက်တယ်ဆိုရင်ပဲ
"အားးးးး ခဏ ခဏ... ခဏလေး"
"အစ်ကိုဘာမှမလုပ်ရသေးဘူးလေ"
"အဲ့အရက်ပြန်က အရမ်းစပ်တာ ဟင့်... နှောင်း
ဆေးမထည့်ချင်တော့ဘူး ဟင့် ဟင့်"
စလာပါပြီ ဒေါ်နှောင်းရိပ်ငယ်ရဲ့ ဂယက်။ ဟိုက ဒဏ်ရာကိုတောင် ဆေးမထည့်ရသေးဘူး။ ဒဏ်ရာနားက ယောင်နေတဲ့နေရာလေးပေါ် အရက်ပြန်နဲ့ထိရုံရှိသေး အားခနဲအော်ပြီး မျက်ရည်တွေကျကာ ရုန်းကန်ဖို့
ဟန်ပြင်နေလေပြီ။
💕Her Cuteness💕
Start from the beginning
