ပတ်တီးကိုဖြည်လိုက်တာနဲ့ ဒဏ်ရာက စပ်သွားတာမို့ နှောင်း နှုတ်ခမ်းတွေမဲ့ကျသွားကာ ငိုချင်လာသည်။
ငယ်ငယ်လေးကတည်းက အသားအနာမှာကြောက်တတ်သူမို့ ဒဏ်ရာအနာတရဖြစ်မယ့်ကိစ္စတွေဆို ဝေးဝေးကရှောင်သည်။
"ဟယ် နှောင်းမှာ ဒဏ်ရာတော်တော်များသွားတာပဲ... ပထမ နှောင်းကိုတွေ့လိုက်တုန်းက တစ်ခြားသူတွေလို မျက်နှာတွေ ဘာတွေမှာ ဒဏ်ရာမရှိလို့ ဘာမှသိပ်မဖြစ်ဘူးထင်လိုက်တာ... ကြည့်ပါဦး နှောင်းရယ်... ဘယ်လိုဖြစ်ရတာလဲ"
မမမြတ်အမေးကို နှောင်းမှာ ပြန်ဖြေမအားဘဲ တီမြိုင်ရဲ့ ဂွမ်းပေါ်အရက်ပြန်ဆွတ်နေတာကိုသာ သေချာစိုက်ကြည့်နေမိသည်။ အရက်ပြန်ဆွတ်ထားတဲ့ဂွမ်းစကို သန့်စင်ထားတဲ့ဇာဂနာအသေးလေးနဲ့ ညှပ်ကိုင်ကာ နှောင်းရဲ့လက်နားကို တိုးလာချိန်မှာတော့ နှောင်း ဘယ်လိုမှ
ဟန်မဆောင်နိုင်တော့ဘဲ
"ခ... ခဏ... ခဏ... ခဏလို့"
ပါးစပ်က အကြောက်အကန်ငြင်းပြီး ဒဏ်ရာရထားတဲ့လက်ကို နောက်ရွေ့လိုက်သည်။
"ခဏလေးပဲ နာမှာပါ နှောင်းရဲ့... တီမြိုင်ဖွဖွလေးပဲ လုပ်ပေးမှာပါ"
"ဟင့်အင်း"
ဒဏ်ရာရထားတဲ့လက်ကို နောက်လက်တစ်ဖက်ဖြင့်
ထိန်းကိုင်ထားပြီး မျက်ရည်လေးတွေဝဲကာ
ခေါင်းတစ်ခါခါဖြင့် ငြင်းဆန်နေတဲ့နှောင်းကြောင့်
မြိုင်လည်း စိတ်မကောင်း။ ဒီကလေး ဘယ်လောက်ကြောက်တတ်လဲဆိုတာ မြိုင်အသိမို့ ဆေးထည့်လို့ ငိုရင် မြိုင့်မှာ သနားပြီး လုပ်လက်စတွေရပ်ကာ ဆေးထည့်ဖြစ်မှာ မဟုတ်ဆိုတာ တပ်အပ်သိနေသည်။ ဒါကြောင့်
"လာ သားကြီးလာ... သမီးကို သားပဲ ဆေးထည့်ပေးလိုက်တော့... အမေကတော့ နှောင်းကိုကြည့်ပြီး ဆေးမထည့်ပေးရက်တော့လို့"
ဘာမှမပြောဘဲ ရပ်ကြည့်နေရာကနေ နှောင်းနားရောက်လာပြီး တီမြိုင့်ဆီက အရက်ပြန်ဆွတ်ထားတဲ့
ဂွမ်းကို လက်ပြောင်းယူလိုက်တဲ့ ဦးကို နှောင်း ဆတ်ခနဲကြည့်ကာ
"ဟဲ့ မလုပ်နဲ့နော်... အနားမကပ်နဲ့"
"ဆေးထည့်မှ နင်သက်သာမှာပေါ့ နှောင်းရဲ့... ပေး လက်"
💕Her Cuteness💕
Start from the beginning
