"နှောင်းသက်သာပါတယ် တီမြိုင်ရဲ့ တကယ်ပြောတာ... စစဖြစ်ချင်းတုန်းကလောက်တောင် မနာဘူး...
ယောင်နေတာပဲရှိတာ တကယ် အရမ်းနာမနေဘူး"
တီမြိုင်က စိတ်မကောင်းစွာကြည့်ပြီး ဆေးဘူးကိုဖွင့်ကာ ဆေးလိမ်းဖို့ပြင်သည်။ နှောင်းအလျင်အမြန်တားကာ
"နှောင်းဘာသာလိမ်းပါ့မယ် တီမြိုင်... နှောင်း
ငရဲကြီးလိမ့်မယ်"
"တီမြိုင်ပဲလိမ်းပေးမယ်... သမီးက ကိုယ့်ဘာသာ
လိမ်းရင် ဖွဖွလေးလိမ်းမှာ တီမြိုင်သိတယ်...
ငြိမ်ငြိမ်နေ"
တီမြိုင်က နှောင်းခြေထောက်ကို ဆေးသေချာလိမ်းပေးနေတာမို့ နှောင်းကတော့ ကန်တော့နော် တီမြိုင်လို့ပြောပြီး ဆေးလိမ်းခံနေရတယ်။ ဆေးလိမ်းတာကိုကြည့်နေရင်း မျက်လုံးက မထင်မှတ်ဘဲ မောင့်ဆီရောက်သွားတော့ မောင်ကလည်း နှောင်းကိုကြည့်နေသည်။
တစ်ခြားသူတွေ နှောင်းတို့ကို ရိပ်မိမှာစိုးလို့ နှောင်း
မသိချင်ယောင်ဆောင်ကာ တီမြိုင်ဆေးလိမ်းပေးတာကိုပဲ ပြန်ကြည့်နေလိုက်သည်။
နှောင်းခြေထောက်ကို ပတ်တီးစည်းပေးပြီးတာနဲ့
"ကဲ ခြေထောက်ပြီးပြီ လက်လာမယ်"
"ဟင့်အင်း လက်က နှောင်းဘာသာလုပ်မယ်"
လက်ဆိုတာနဲ့ နှောင်း အကြောက်အကန်ငြင်းမိတော့သည်။ လက်ကိုတော့ အထိမခံနိုင်ပါ။
"လာ တီမြိုင်တစ်လက်စတည်းထည့်ပေးမယ်လေ... အင်္ကျီက အောက်မှာတစ်ထပ်ပါသေးရင် ချွတ်လိုက် လာ"
"ဟင့်အင်း နှောင်းဘာသာလုပ်မယ်"
"အဲ့ဒီ့ နှောင်းဘာသာလုပ်မယ်ဆိုတာကိုပဲ စိတ်မချတာ... တီမြိုင်တစ်လက်စတည်းလုပ်ပေးမယ်... အနွေးထည်ချွတ်လိုက်... မဟုတ်လည်း လက်ကိုဆွဲတင်လိုက်"
မျက်ရည်တွေဝဲလာတဲ့ သမီးနှောင်းကို မြိုင် မသိချင်ယောင်ဆောင်ပြီး အင်္ကျီလက်ကို ခပ်သွက်သွက်ဆွဲတင်လိုက်သည်။ လက်မှာပတ်ထားတဲ့ ပတ်တီးကို ဖြည်လိုက်ပြီးချိန်မှာတော့ ၂လက်မလောက်ရှိသည့်ဒဏ်ရာတစ်ခုက အနာရင်းနေကာ ခရမ်းသွေးရောင်တောင်ထနေသည်။
💕Her Cuteness💕
Start from the beginning
