"ဘာကူပေးရမလဲ"
"ရတယ် ခြေထောက်နာနေတဲ့ဟာကို အဲ့မှာသာထိုင်နေ"
လင်းက ဦးကို ကူလုပ်ပေးနေပြီး နှောင်းနဲ့မိုးသောက်ကတော့ ထမင်းစားပွဲဝိုင်းမှာ ထိုင်ခုံဆွဲထုတ်ပြီး ထိုင်ကာ ဦးတို့လုပ်သမျှကြည့်နေလိုက်သည်။ ချက်ပြုတ်ပြီးစီးချိန်မှာ ဦးပြင်ဆင်ပေးထားတဲ့ပန်းကန်တွေကို လင်းနဲ့မိုးသောက်က ကူပြီး စားပွဲပေါ်ချပေးနေပေမယ့် နှောင်းကတော့ ထိုင်ရာကမထဘဲ ငုတ်တုတ်သာထိုင်နေသည်။ ပြင်ဆင်ပြီးသွားချိန်မှာတော့ အားလုံးအတူတူ မနက်စာ စားကြပြီး နှောင်းတို့လူငယ်တွေက တီမြိုင်တို့ရှေးဟောင်းနှောင်းဖြစ်တွေပြောပြတာကို နားထောင်ရင်း ရယ်လိုက်မောလိုက်ဖြင့် မနက်စာ ဘယ်လိုစားလို့ပြီးသွားမှန်းတောင်မသိလိုက်။၏
စားလို့ပြီးသွားချိန်မှာ လင်းနဲ့ဦးကပဲ ဒိုင်ခံဆေးကြောနေပြီး ဦးမြင့်နိုင်နဲ့ ဦးမြင့်စေတို့ကတော့ နေပူဆာလှုံရင်း ရေကူးကန်ဘေးနားကခုံမှာထိုင်ကာ ကော်ဖီသောက်နေကြသည်။ ဧည့်ခန်းမှာတော့ မိုးသောက်မျက်နှာပေါ်ကဒဏ်ရာနဲ့လက်ကဒဏ်ရာတွေကို တီမြိုင်က ဆေးထည့်ပေးနေသည်။
"ဟိုကလေးတွေ ဆေးကြောပြီးရင် ဒီဘက်လာ
ဆေးထည့်ကြရအောင်... နွယ်တို့လည်း သွားနားချင်သွားနားကြနော်"
"ခုပဲမနက်စာစားထားတာဆိုတော့ ချက်ချင်းကြီး
မလှဲချင်သေးလို့လေ"
"ဪ အေးပါ အေးပါ"
"နာတယ် အမေရ"
"ပြီးပါပြီဟယ် တကယ်တည်း"
သားငယ်လေးကို ဆေးထည့်ပေးပြီးတော့ သားငယ်က
ထသွားကာ သားကြီးက သားငယ်နေရာမှာ
ထိုင်လေသည်။
"ဒီကလေးတွေက ဒဏ်ရာတွေကို ဂရုမစိုက်ကြဘူး
နွယ်ရေ... ဆေးထည့်ဆိုလည်း ပါးစပ်ကအင်းအင်းနဲ့
ပြီးရင် မအားလို့ဆိုတာကတစ်မျိုး မေ့လို့ဆိုတာက
တစ်မျိုးနဲ့... သူတို့ဒဏ်ရာတွေကိုမြင်ရင် စိတ်မချမ်းသာလို့ ကိုယ်တိုင်ပဲ ဒီလိုထိုင်ပြီး တစ်ယောက်ချင်းစီ
ဆေးထည့်ပေးနေရတာ... တကယ်တကယ် ကလေးမဟုတ် သူငယ်မဟုတ်နဲ့ အရမ်းပြောရဆိုရခက်ကြတာ"
💕Her Cuteness💕
Start from the beginning
